ဂယူဘင်းက ယူဂျင်းကိုမြင်တာနဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ယူဂျင်းကို တာ့တာ့လှမ်းပြ၏။
အပိုတွေလုပ်နေပြန်ပြီ၊ တစ်လလောက်မတွေ့ရပဲ အခုမှပြန်တွေ့သလိုမျိုးပျော်နေလိုက်တာ။
"အကအဖွဲ့ကရော"
ယူဂျင်းရဲ့ အမေးကြောင့် ဂယူဘင်း နားထင်ကို အသာကုတ်မိသည်။
"အာ...အဲ့ဒါ ပြောဖို့မေ့နေတာ သိလား၊ ကျောင်းအကအဖွဲ့မှာ ကားက မဆံ့ဘူးလေ..သူတို့က လူအရေအတွက်နဲ့ ချိန်ထားပြီးသားဆိုတော့...အိုပါးတို့က ကပ်လိုက်တာဆိုတော့၊ အဲ့ဒါကြောင့် ကိုယ့်ကားနဲ့ပဲ သွားရမှာ ဟိုရောက်မှ ဆုံကြမှာ"
ဂယူဘင်းရဲ့အပြောကို ယူဂျင်းက ခေါင်းတစ်ညိမ့်ညိမ့်။
ပြောပါတယ် ဟန်ယူဂျင်းက သူ့ဦးနှောက်ကို စာမှာပဲ သုံးတာလို့။
အကအဖွဲ့ရဲ့ကားက မဆံ့တာမဟုတ်ပါဘူး၊ ဆံ့ပါတယ်။
ဒါပေမဲ့ အဲ့သည်လောက်ကြပ်ပိတ်သိပ်နေတာကို ယူဂျင်းလဲ အဆင်ပြေမှာမဟုတ်သလို ဂယူဘင်းလဲ အဆင်ပြေမှာမဟုတ်။အဲ့ဒါကြောင့် သူ့ကိုယ်ပိုင်ကားနဲ့ပဲ အနောက်ကနေ လိုက်ခဲ့မည်ဟု ထိုအကအဖွဲ့ခေါင်းဆောင်ကို အကြောင်းကြားထားပြီးသား။
ကားမထွက်မှီ တစ်ခါတည်း အသင့်ဝယ်လာတဲ့ ငါးပေါင်မုန့်ရယ် နို့တစ်ဗူးရယ်ကို ယူဂျင်းဆီ အရင်ဆုံးကမ်းပေး၏။
"စားလိုက်...ဒီအစ်ကိုကြီးက မင်းဗိုက်ဆာမှာစိုးလို့ ဝယ်လာတာ...အရင်စားလိုက်နော်"
"ကျေးဇူး...မနက်စာစားပြီးပြီလား"
"အိုပါးလို့တပ်ခေါ်မှ ဖြေမယ်"
ယူဂျင်းက မျက်မှောင်လေးကို ကြုတ်ပြတာကြောင့် ဂယူဘင်းက လဲ ထပ်ဂျစ်ကြည့်ဖို့ကြိုးစားတယ်။
"တကယ်ပြောတာ အိုပါးရော မနက်စာစားပြီးပြီလားလို့ မေးမှ ဖြေမှာ..ဖြေပြီးမှ ကားမောင်းလို့ရမှာနော်"
ဂယူဘင်းက စိန်ခေါ်သလို မေးငေါ့ပြလိုက်သည်။
ယူဂျင်းက အရွယ်နဲ့မလိုက်အောင် သက်ပြင်းအကြီးကြီးကို ချလိုက်တာကြောင့် ဂယူဘင်း မရယ်မိအောင် နူတ်ခမ်းကို သွားနဲ့ ဖိကိုက်ထားရသည်။
![](https://img.wattpad.com/cover/289315055-288-k857864.jpg)