အပိုင်း[၆]

115 15 2
                                    

အဆောင်တွင်:

Jkနဲ့ tae ကျောပိုးအိတ်တွေကို ကြမ်းပြင်ပေါ်
ပစ်ချပြီး ဆိုဖာပေါ်တွင် စိတ်ပျက်လက်ပျက်ထိုင်လိုက်ကာ

"ဟူး... hs hyung စောပြန်သွားတာ အဆောင်ကို
ပြန်တာမဟုတ်ဘူးပေါ့ ဒီနေ့ အဆောင်မှာ
လာမအိပ်ဘူးထင်တယ်"
"hsကြည့်ရတာ တော်တော်စိတ်ပျက်သွားတယ်ထင်တယ် မင်းတို့နှစ်ယောက်ဒီနေ့စလိုက်တာ
တော်တော်ဆိုးသွားတယ် ကျောင်းပိတ်ရက်တောင် ငါတို့နဲ့အတူတူနေမယ့်ပုံမပေါ်ဘူး"

sj ကြမ်းပြင်ပေါ်ရှိ အိတ်တွေကို ကောက်ယူရင်း
ပြောလိုက်သည်။ jkနဲ့ taeရဲ့မျက်နှာတွေက
မှိုင်းသွားကာ စိတ်ညစ်သွားခဲ့ရသည်။
ဒီနေ့သာ သူတို့မစခဲ့ဘူးဆိုလျှင်...

နောက်တစ်ပတ်သောကြာရောက်တဲ့အထိ
hsကျောင်းကိုရောက်မလာခဲ့။
hs အခြေအနေက သူတို့ထင်ထားတာထက်
ပို၍ပင်ဆိုးနေခဲ့သည်။ ကျောင်းခေါ်ချိန်တိုင်း
သူတို့အစား၀င်၀င်၍ထူးပေးနေသော်လည်း
ဘတ်စကက်ဘောအသင်းနည်းပြက
hs လာ၍မလေ့ကျင့်၍ စိတ်တိုလို့နေသည်။
ကျောင်းပေါင်းစုံပြိုင်ပွဲက
သိပ်မလိုတော့၍ဖြစ်သည်။
professor kimရဲ့မျက်နှာကလည်း
hsမလာ၍  ပို၍ပင်ပျော်နေသလို။
ဒီနေ့ကျောင်းဆင်းတော့ သူတို့ငါးယောက်လုံး နည်းပြကို hsဆီကိုသွားမည်ဖြစ်၍
Trainingပျက်ခွင့်တောင်းပြီး
ကျောင်းဆင်းတာနဲ့ hsတိုက်ခန်းဆီ
ထွက်လာခဲ့ကြသည်။

တင်းတောင်...တီးတောင်မ်

တံခါးကဖွင့်မလာသေး။ သူတို့တွေ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။ အားလုံးထဲမှာ thနဲ့ jkက မျက်နှာအပျက်ဆုံးပင်။ နှစ်ယောက်က ငိုမလိုတောင်ဖြစ်၍နေသည်။ တံခါးကပွင့်မလာတော့။
sj အငယ်နှစ်ယောက်ပုခုံးကိုပုတ်ကာ
နှစ်သိမ့်ပေးပြီး ဘဲလ်ကိုဆက်၍နှိပ်နေခဲ့သည်။
ခဏကြာတော့ တိုက်ခန်းထဲမှ လှုပ်ရှားသံတွေနဲ့
အတူ အခန်းတံခါးပွင့်လာခဲ့သည်။
ပေစုတ်စုတ်ဖြစ်နေသော hsရဲ့ပုံစံကို
ကြည့်ကာ ၆ယောက်လုံးသိပ်တော့မအံ့သြမိ။
အားလုံးက ခေါ်၀ေါ်လေ့ရှိတဲ့ sunshineဆိုသော
နာမည်ပြောင်က hsနဲ့မလိိုက်ဖက်တော့အောင်
hsရဲ့ ပုံစံက တော်တော်ဆိုးဆိုးဖြစ်နေခဲ့သည်။
ရေကလည်း ချိုးသည့်ပုံမပေါ်။ ခေါင်းက
ဆံပင်အနီရောင်ကခြောက်ကပ်ကပ်ဖြင့််
ရှုပ်ပွနေသည်။ နှုတ်ခမ်းမွေးတွေကမရိတ်၍
တိုစိစိကိုမြင်နေရသည်။ မျက်ကွင်းတွေကလည်းညိုလိို့နေသည်။

Professor is my wifyWhere stories live. Discover now