Part-3

4K 99 5
                                    

"အင့်....ကိုကို "

ကလေးငယ်က အိပ်နေရာကနေ အင့်ခနနဲ အသံလေးပြုကာ နိုးလားသည်။

"ဟာ မျက်လုံးကို လျှောက်မပွတ်ရဘူးလေ။ မျက်လုံးတွေနာကုန်တော့မှာပဲ ။"

နိုးနိုးပြီးချင်း သူ့မျက်လုံးလေးတွေကို အိပ်ချင်မူးတူးနဲ့ ပွတ်နေတဲ့ ကလေးငယ်ကို သက္က ဟန့်တားလိုက်ရသည်။သူပြောလိုက်တော့ ကလေးငယ်က ဆူသည် ထင်ပြီး နှုတ်ခမ်းလေးက အရှေ့ကို နည်းနည်း ထော်ထွက်လာသည်။ အသည်းယားစွာနဲ့ နမ်းလိုက်မိသည်။

"ပြွတ်စ်... ဆူနေတာမဟုတ်ဘူးနော် နေနေ။ နေနေ့ မျက်လုံးလေးတွေ ထိခိုက်မှာ စိုးရိမ်လို့ ပြောနေတာ ဘဲနှုတ်သီးလေးရဲ့ ကြားလား။"

"ဟုတ်ကဲ့ ကိုကို။ မမပြန်ရောက်ပြီလားဟင်"

"အင်း ခနကမှ"

"အော်"

"အဆင်ပြေရဲ့လား"

"ဘာကိုလဲ ကိုကို"

"ကို ခုနက ကြမ်းမိသွားလို့လေ ။ နေနေအခု အဆင်ပြေရဲ့လား မေးတာ"

"ဟာ ကိုကိုကလည်း"

ကိုကို့ရဲ့ စကားကြောင့် နေနေမျက်နှာတွေ ပူထူသွားသည်။ရှက်​ပြီး ကိုကို ကို အကြည့်လွှဲလိုက်​​တော့ ကိုကိုက သဘောတကျရယ်ပြီး နေနေ့ရဲ့ ဆံပင်လေးတွေကို ဆွဲဖွလာသည်။

ဒီလူကြီး ဘယ်လိုတောင်ပြောထွက်တာလဲ ဧည့်ခန်းထဲမှာကို တကယ်ပါပဲ။

ရှက်နေတာလေးက အရမ်းချစ်ဖို့ကောင်းတာပဲ ကလေးရာ ကိုယ်တော့အရည်ပျော်ပါပြီ။

_______________________________

နောက်တစ်နေ့မနက်....

ထမင်းစားခန်းထဲတွင် ပျိုတို့သုံးယောက် မနက်စာစားနေကြတယ်။ ပျို စိတ်ထင်လို့ပဲလားမသိ ကိုက အရင်နေ့တွေကဆို ပျို့ရဲ့ morning kissကို မရမကတောင်းလေ့ရှိသူဖြစ်ပြီး မရရင် ဆူပုတ်နေတက်သည့်သူမျိုးဖြစ်သည်။ ဒီနေ့ကျတော့ ပျိုနိုးလာတော့ ကိုက ပျို့ထက်အရင်စောနိုးကာ ရေချိုးခန်းထဲကနေပင် ထွက်လာပြီး အေးအေးလူလူ company သွားဖို့ပြင်ဆင်နေသည်။ ပျို့ကို kissတောင်း ဖို့တောင် ကိုက သတိမရတော့ပါ။ ပျိူစိတ်ထဲ ဘဝင်မကျပေမဲ့ ကိုယ့်ယောကျ်ားက အလုပ်မအားလို့ပါဆိုပြီး ဖြေသိမ့်ခဲ့ရတယ်။

𝐑𝐞𝐚𝐥 𝐎𝐰𝐧𝐞𝐫Where stories live. Discover now