စီဗာက စကားမပြောဘဲ အရင်ဆုံး ကုဟွိုက်လက်အား လှမ်းဆွဲလာသည်။ ကာလန်၏တုံ့ပြန်မှုက နောက်ကျသွားရပြီး တဖက်လူကိုသတ်ဖြတ်ချင်စိတ်များပြည့်နေသော အေးစက်စက်မျက်လုံးများဖြင့်ကြည့်လိုက်သည်။ သို့သော် သူဘာကိုမျှမပြောခဲ့။ အတိအကျပြောရပါမူ စီဗာကမိုးမှောင်မျှော်စင်၏ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ ဤအပြုအမူဖြင့် မိုးမှောင်မျှော်စင်တစ်ခုလုံးကိုယ်စား သူ၏သဘောထားကိုဖော်ပြခြင်းက ပိုမို သင့်တင့်လျောက်ပတ်၏။

မည်သူကပင် အရင်ဆုံးလက်ခံသည်ဖြစ်စေ ကိစ္စမရှိ၊ သူတို့ဘက်မှ အင်မတန် ဆန္ဒရှိနေသည်မှာ ရှင်းလင်းနေသည်။ ကာလန်က တွန့်ဆုတ်နေပြီးမှမေးလိုက်၏။

"ဘာလို့လဲ...ဘာလို့ အရှင်က ကျွန်တော်တို့ကိုအိမ်အတူပြန်စေချင်ရတာလဲ.."

သူ၏နှလုံးသားအတွင်းထဲမှ ဇက်မျိုးနွယ်ကို အတိအကျလက်ခံလိုက်ပြီးသည့်နောက် သူသည် ယခင်ကခေါ်နေကျအတိုင်း ကုဟွိုက်အား 'မင်း' ဆိုသောအသုံးအနှုန်းကိုမသုံးတော့ပေ။ မိုးမှောင်မျှော်စင်စစ်သည်တော်များမှာ အခြားသောမျိုးနွယ်စုများကိုဆန့်ကျင်ပြီး ပေါင်းသင်းရန်ဖိအားပေးခံရသည်မှာ ထိုမျိုးစိတ်များက သူတို့ကိုထူးဆန်းစေသောကြောင့်ပင်။ သို့သော် ဤအခိုက်အတန့်၌မူ ကုဟွိုက်ကြောင့် သူတို့၏လက်ရှိဖြစ်တည်မှုကို လက်ခံလာကြပေပြီ။

ကုဟွိုက်သည် တဖက်လူ၏မေးခွန်းကိုကြားရပြီး သူ၏မျက်ခုံးများက ကွေးညွတ်သွားကာ မျက်လုံးများကကြည်လင်လာ၏။

"ငါအရင်ကဒီလိုမျိုးမပြောဖူးဘူး၊ ဒါပေမဲ့ မင်းတို့မျက်လုံးတွေက ငါ့ကိုအရမ်းရင်းနှီးတဲ့ခံစားချက်မျိုးပေးတယ်၊ ဘာလို့ မင်းတို့အများစုက အဲဒီလိုမျက်လုံးမျိုးရှိတာလဲ၊ ငါသိလို့ရလား..."

"ငါလော်ဒါကြယ်ပေါ်မှာလည်း မင်းတို့အဖွဲ့အစည်းထဲကအခြားလူတွေကိုတွေ့ခဲ့တယ်၊ စစ်သည်တစ်ယောက်ဖြစ်ဖို့ အကြောင်းပါလာတဲ့ အရောင်တူမျက်လုံးနဲ့လူတွေပေါ့၊ သူတို့က သာမန်ဇက်တွေလို တူညီတဲ့ခံစားချက်မျိုးပေးတော့ ငါသူတို့ကိုလက်မလွှတ်နိုင်ဘူး.."

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now