"တကယ် ချစ်ဖို့ကောင်းတာ...အကိုတို့ နေ့တိုင်းဒီလိုလေးပဲ အမြဲတွေ့နေရရင်ကောင်းမယ်"

ရတု ‌မျက်နှာပင်ရဲတက်သွားတော့သည်။ အကိုကတည့်တိုးကြီးပြောတော့ ရတုမှာ တကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေပြောင်းပြန်စီးသွားသလိုပင် ဖြစ်သွားရ၏။

"ဟို...အကို...ထင်လို့ပါ...."

"အကို့ကိုရော....ဒီနေ့ဘယ်လိုမြင်လဲ....ပြောပါဦး"

မော်ကွန်းက သူ့တစ်ကိုယ်လုံးကို ကြည့်ဦးဆိုသည့်ပုံစံနှင့်ပြောလိုက်တော့ ခုဏအကြည့်လွှဲထားတဲ့ မောင့်ရဲ့မျက်ဝန်းလေးများက မရဲတရဲလေးနဲ့ မော်ကွန်းကိုကြည့်လာလေ၏။

"ချော....ချော....တယ်"

"ဟား....ဟား....အကိုကနောက်တာပါကွာ.....ချစ်ဖို့ကောင်းလိုက်တာ....."

မော်ကွန်း မောင့်ကို အသည်းပင်ယားလာတော့သည်။ မရဲတရဲလေးကြည့်ပြီး ချောတယ်ဟုပင်ပြောနေသည့်မောင့်မျက်ဝန်းများက မော်ကွန်း မျက်လုံးများကိုတည့်တည့်မကြည့်။ အသည်းယားလို့ ခေါင်းလေးကို ကိုင်ပြီး ဆံစများကိုထိုးဖွားလိုက်သည်။ မောင်က ကလေးလေးအတိုင်ပင် ခပ်ပြုံးပြုံးလေးနှင့် ခေါင်းလေးငုံ့ထားသေးသည်။

"ဘာလဲ...အကိုကချစ်ဖို့ကောင်းတယ်ပြောလို့ရှက်သွားတာလား......ဟား....ဟား....သွားမယ်...သွားမယ်....ကျောင်းနောက်ကျနေဦးမယ်"

ရတုလည်း ရှက်ရှက်နှင့် အကို့ကိုဘာမျှဆက်မပြောတော့ဘဲ ကားပေါ်တက်လိုက်တော့သည်။ ရင်ခုန်သံခပ်ပြင်းပြင်းကို ရတုကိုယ်တိုင်ပင်ပြန်ကြားနေရသည်။

အကိုက လူကို ရင်ခုန်အောင်အမြဲလုပ်တတ်သား။

__

"ဟယ်လို....Daddy"

"ပြော...သား"

"သား Daddy ရုံးခန်းကို ဒီနေ့လာခဲ့မယ် ပြောစရာရှိလို့"

"အော်.....အရေးကြီးလို့လား....သား "

"ဒီလိုပါပဲ ရောက်မှပြောမယ် ...ဒါပဲDaddy...dutyချိန်မို့ မအားဘူး"

သူ့အပြောကိုတောင်မစောင့် ချစ်လှစွာသောသားကဖုန်းချသွားနှင့်ပြီ။ အရေးကြီးလို့ဖြစ်မည်။ မော်ကွန်းကမလိုအပ်ပဲ ဖုန်းဆက်လေ့မရှိသူမို့။

ရူးWhere stories live. Discover now