ဟယ်ယွင်ရှန်း ထိုသို့ပြောဆိုခဲ့ပြီးနောက် ဟယ်ယန်မှလက်ညှိုးငေါက်ငေါက်ထိုးလျက် ရန် စကားဖြင့်ပြန်လည်တုံ့ပြန်လာမည်ကိုစောင့်နေသည်။ သို့သော်ငြားလည်း အံ့ဩစွာဖြင့် ဤတစ်ကြိမ်၌ ဟယ်ယန်မှ သူ့အား ဆူပူမာန်မဲခြင်း မရှိကာ ထို့အစား သူ ပစ်ချခဲ့သည့် ကျောက်ဖျာပေါ်မှ ပုဆိန်ကို ခါးကိုင်း၍ကောက်ယူခဲ့သည်။ လေးလံသော ပုဆိန်ကြောင့် ခန္ဓာကိုယ်ယိုင်သွားခဲ့သည်။ သူ၏နုနယ်လှသော လက်ကောက်ဝတ်သည် လေးလံသော ဝန်ဒဏ်မခံနိုင်ပုံရ၏။ ထိုအဖြစ်ကြောင့် ဟယ်ယန် ထိတ်လန့်သွားမိသည်။

မိမိလက်ကို ကြည့်ပြီး မသိမသာ မျက်မှောင်ကြုတ်မိသည်။ လက်ရှိ သူ၏အခြေအနေသည် ပုဆိန်ကိုပင် မ,မနိုင်လျက် မိမိယခင်ဘဝနှင့် နှိုင်းယှဉ်သော် လက်ရှိအခြေအနေသည် အလွန်ဆိုးဝါးနေ၏။ ဟယ်ယွင်ရှန်း ဆွံ့အပြီး သံသယစိတ်ဖြင့်

"နင် ဘာလုပ်မလို့လဲ"

"ငါ မင်းအတွက် ထင်းခွဲပြမလို့"

ဟယ်ယန် ပြန်ဖြေလိုက်သည်။ ဟယ်ယွင်ရှန်း ထိုစကား ကြားပြီးနောက် ဒေါသ ထွက်သထက် ထွက်လာပြီး စိတ်ဆိုးမာန်ဆိုးဖြင့်

"လာ အနှောင့်အယှက် မပေးနဲ့ နင်..."

စကားမဆုံးမီ "ဘန်း"ကနဲ အသံ ထွက်ပေါ်လာခဲ့ပြီး သူ့အား စကားပြောနေရာမှ ကြားဖြတ်နှောင့်ယှက်ခဲ့သည်။ ဟယ်ယန် ပုဆိန်ကို မြှောက်ပြီး သူ့အရှေ့၌ပင် ထင်းတုံးကို သေသေ‌သပ်သပ် နှစ်ခြမ်း ခွဲပြခဲ့သည်။

"ကြည့်လိုက်"

ဟယ်ယန်စကားဖြင့် ညွှန်ပြလျက်

"ရိုးရိုးလေး မင်းအနေနဲ့ ပုဆိန်ကို အရင်းနား ကပ်ပြီး မကိုင်ဘဲ လက်ကိုင်ကနေ ကိုင်ပြီး ထင်းအရာ အတိုင်း ခွဲလိုက်ရုံပဲ ဒါဆိုရင် အားအများကြီး ထည့်စရာ မလိုတော့ဘူး"

ဟယ်ယွင်ရှန်း သူ့အား မှင်သက်စွာ စိုက်ကြည့်နေမိသည်။ အချိန်တစ်ခဏ ကြာပြီးနောက် ကောင်လေး၏မျက်နှာ နီမြန်းလာခဲ့ပြီး လေသံ၌ ဒေါသသံတို့ ခိုဝင်လာသည်။ ဟယ်ယန်အား လက်ညှိုးထိုးကာ

"နင်... နင်... နင် နင်တကယ်ကို ကလိမ်ကကျစ် ကျခဲ့တာပဲ နင့်လက်... အဖေ ပြန်ရောက်တာနဲ့ ကျိန်းသေ ငါ့ကို ဆူတော့မှာ ဟယ်ယန် နင်တကယ်ပဲ ကလိမ်ငြမ်းဆင် မရိုးမသား လုပ်တဲ့သူပဲ"

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now