အပိုင်း (၁၆) ထင်းရှူးမြို့တော်

Start from the beginning
                                    

" ရေခဲမုန့်လည်း၀ယ်လာတယ် ထမင်းစားပြီးရင် စားဖို့ စတော်ဘယ်ရီလေ ကြိုက်တယ်မလား။"

အောင်ဇေရဲလည်း ဒီနှစ်ယောက်ကြားတွင် ကြာကြာမနေချင်တော့ပေ။
ဟိုးတလောတုန်းကပဲ မခေါ်နိုင်မပြောနိုင်ရှောင်နေကြပြီး သိပ်မကြာခင်ပြန်အဆင်ပြေသွားကြပြန်သည်။

အလုပ်ရှင်နဲ့အလုပ်သမားလို့တောင်မြင်မရတော့လင်မယားတွေလို ယောက်ကျားရဲ့အလုပ်မှာလာထိုင်စောင့်ပြီး ဂရုစိုက်ပေးနေသည့် မိန်းမနဲ့တောင်တူနေသည်။

" Bossအဲ့ဒါဆိုကျွန်တော်လည်းနေ့လည်စာသွားစားတော့မယ်။
ကလောကိစ္စက Bossမကြည့်တော့ဘူးဆို ဖျက်လိုက်တော့မယ်နော်။"

" နေအုံး..."
ဆိုကာ ထိန်​ယံ​လင်းက ဇိုင်းကိုပြန်ကြည့်ရင်းမေးသည်။
" ဇိုင်း မင်းကလောရောက်ဖူးလား။"

" မရောက်ဖူးဘူး..."

ထိန်ယံလင်းကတစ်ချက်စဥ်းစားဟန်ပြုပြီးနောက် ဇေရဲအားပြန်ပြောသည်။
" ငါပဲသွားလိုက်တော့မယ် ။"

" အဲ့ဒါဆို သွားဖို့စီစဥ်ပြီး ၁ညအိပ်၂ရက်အချိန်ဖယ်ထားလိုက်မယ်နော် Boss"

"မဟုတ်ဘူး ၃ညအိပ်ပြီးနောက်ရက်မှပြန်မှာ အချိန်ဖယ်ထားပေးပါ။ရောက်တုန်း ရောက်ခိုက်  အပန်းဖြေအိမ်မှာလည်း၀င်နားမလို့။ "

" ခဏတုန်းကတော့ အချိန်ကုန်တယ် ဘာညာဆို အခုကဘာလို့ချက်ချင်းပြောင်းလဲသွားပြန်တာလဲBossရယ်"
ဟု ဇေရဲစိတ်ထဲတွင်မေးပြီး

အပြင်ဘက်တွင်တော့ ခေါင်းလေငြိမ့်ကာ
" ဟုတ်ကျွန်တော် ပြင်ဆင်ထားလိုက်မယ်Boss"လို့ပြန်ဖြေလိုက်လေသည်။

ဇေရဲထွက်သွားမှ ထိန်ယံလင်းက ဇိုင်းပြင်ထားပေးထမင်းဟင်းများစားရန်၀င်ထိုင်လိုက်သည်။

" ကလောသွားမလို့လား။"

" ဟုတ်တယ် ကိုယ်နဲ့လိုက်ခဲ့လို့ရတယ်မလား။ အလုပ်ကိစ္စလည်းရှိပေမဲ့ မင်းလည်းမရောက်ဖူးတဲ့နေရာဆိုတော့ အတွေ့အကြုံရတာပေါ့။"

" ကျွန်တော်လိုက်ရင်ရှုပ်မနေဘူးလား။"

" မရှုပ်ပါဘူးကွာ လိုက်ခဲ့နော်။ဒီကနေ လေယာဥ်နဲ့သွားမှာ မပင်ပန်းပါဘူး။"

You Are My Happiness Where stories live. Discover now