"မောလာပြီမို့လား"

"အင်း...."

"ဒီမှာခဏထိုင်ရအောင်နော်"

အအေးဆိုင်လေးအရှေ့ကခုံမှာထိုင်ကာ မြို့အုပ်၀မ်အမောဖြေနေ
သည် ရှောင်ကျန့်ကြည့်ကာ အိတ်ကပ်ထဲကနေလက်သုတ်ပဝါလေး
ထုတ်လို့ မြို့အုပ်၀မ်ရဲ့နဖူးကိုသုတ်ပေးလိုက်သည် ။

"ကားနဲ့သွားတာမဟုတ်ဘူး အခုကြည့်ဘယ်သူပင်ပန်းလဲ
မောင်ပဲပင်ပန်းတာမဟုတ်ဘူးလား"

"...."

"လွယ်အိတ်ထဲကဘာကြီးလဲ လွယ်အိတ်ကသေးသေးလေးနဲ့
မသိရင် မိန်းကလေးအိတ်ကြီးကျနေရောပဲ"

"...."

မြို့အုပ်၀မ်ဘာမှမပြောပဲနဲ့အမောဖြေနေလိုက်သည် ၁၀မိနစ်လောက်နေတော့မှသူတို့ဆက်ထွက်ခဲ့ကြတယ် အဲ့လိုပဲ
နားလိုက် သွားလိုက် နဲ့ပဲ ၁နာရီခွဲကြာတော့ မြို့ပြင်ကပန်းခြံတစ်ခုကိုရောက်တယ် အသစ်လုပ်ထားတာမို့
လူတွေကြပ်နေရမှာဖြစ်ပေမဲ့ယခုတော့တစ်ယောက်မှမရှိ ။

"ရောက်ပြီ"

"မောင် ဒီမှာတစ်ယောက်မှမရှိဘူးလေ ကျန့်ကျန့်တို့ပြန်ရအောင်နော်"

"ဘာမှမဖြစ်ပါဘူး"

"ဒီနေရာကို ကျန့်ကျန့်Tvထဲမှာမြင်ဖူးတယ် အသစ်ဖွင့်ထားတာတဲ့
မနေ့ကတောင်မှလူတွေကြပ်နေသေးတာ အခုတော့တစ်ယောက်မှ
မရှိဘူး ပိတ်တယ်ထင်ပါတယ်မောင်ရယ် သွားရအောင်နော်"

"ဘာမှမဖြစ်ပါဘူးဆို....ဒီပန်းခြံကြီးတစ်ခုလုံးကိုကိုယ်ငှားထားတာ"

"...."

"လာ..."

စက်ဘီးကိုပါတွန်းပြီးအထဲ၀င်လိုက်သည်သူတို့နှစ်ယောက်ထဲ
နဲ့ပန်းခြံအလုပ်သမားလေးအချို့သာ ဒီမှာရှိတယ် ။

"ဒီမှာကောင်းတယ် နားရအောင်"

စက်ဘီးလေးကိုရပ် ခြင်းတောင်းထဲကနေ ‌အခင်းလေးကိုမြို့အုပ်၀မ်ကထုတ်လို့ကိုယ်တိုင်ခင်းပြီး ထိုင်လိုက်သည် သူ့ဘေးနားကိုပါ လက်လေးနဲ့ပြတယ် ထိုင်ဆိုတဲ့သဘောမျိုး။

"အာ...ဟုတ်သားပဲ...ကိုယ့်အချစ်ကိုဓာတ်ပုံရိုက်ပေးရမယ်"

"ဟင်"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now