အပိုင်း (၅)

2.8K 338 47
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၅)

"ဟဲလို အေးပုံရေ သံသာလေးရှိလား"

မှော်မေးပေမဲ့တစ်ဖက်မှအဖြေမှာထွက်မလာပေ။

"ဟဲလို...အေးပုံကြားလားမသိဘူး"

"အေးပုံ မဟုတ်ဘူး"

တုံးတိတိအဖြေစကားကြောင့် မှော်အံ့သြရသည်။အေးပုံမဟုတ်လည်း အိမ်ကလူတစ်ယောက်ယောက်ပဲမဟုတ်ဘူးလား။

"ဟုတ်ကဲ့။မှော်က သံသာရဲ့ဆရာမပါ။သံသာ စာဖြေနိုင်လားသိချင်တာမလို့ သံသာရှိရင်တွေ့ချင်ပါတယ်"

အတော်ကြာသည်အထိအဖြေစကားမှာထွက်မလာ။မှော်တော်တော်လေးစိတ်ကိုထိန်းချုပ်ထားရသည်။ဘယ်လိုမိန်းကလေးလဲမသိ။ဧကန္တ ဦးနိုင်တေဇာရဲ့သမီးများလား။ဒါပဲ ဖြစ်နိုင်သည်။တစ်ခြားသူတွေက မှော့်ကိုသိကြသည်။သူပဲမသိတာကို။သူဌေးသမီးကိုမှ အလုပ်သမားနဲ့မှားပြောရတယ်လို့။

"ဟိဟိ"

သဘောတကျ မှော်ရယ်မိပြီးမှ ဖုန်းမချရသေးမှန်းသတိရတော့သည်။

"ခဏစောင့် ခေါ်ပေးမယ်"

ဖုန်းချရန်ပြင်မှ အသံကြားရလေသည်။ဖုန်းထဲတွင် သံသာအားအော်ခေါ်နေသံကိုကြားမိသည်။မှော့်စိတ်ထဲ ဘာလို့ ဒီအသံကိုရင်းနှီးနေသလဲ မတွေးတတ်။တစ်ယောက်ယောက်အသံနှင့်ဆင်နေသလိုခံစားရသည်။

"ဟဲလို...သမီး။ဒီနေ့ ဘာသာဖြေနိုင်လားလို့လေ"

"ဟုတ်ကဲ့ဖြေနိုင််တယ်ဆရာမ။ကံကောင်းရင် မြန်မာစာဂုဏ်ထူးတောင်ပါရင်ပါမှာ"

"ဟုတ်လား။သံသာလေးကတော်လိုက်တာ။ဒါဆိုဒီနေ့လည်တစ်ရေးတစ်မောအိပ်နော်။အိပ်ရာနိုးရင်ရေမိုးချိုးပြီးစာနွှေးထား။ဆရာမ ညနေ ငါးနာရီကျလာခဲ့မယ်။"

"ဟုတ်ကဲ့ဆရာမ"

သံသာအားမေးပြီးတော့ အဆောင်ဘက်အားထွက်လာမိသည်။

"ကဲ...အခြေအနေလေးပြောကြပါအုံး"

"အေးဆေး...အေးဆေး အောင်တယ်မမမှော်"

"ဟင် အောင်ရုံပဲလား"

"ဟီးဟီး ၅၀ဖိုးလောက်ပေါ့"

တီချယ့်အရိုင်းပန်းWhere stories live. Discover now