အပိုင်း (၁)

11.2K 501 35
                                    

❗ Notice ❗
"မြတ်နိုးရသောပန်းတစ်ပွင့်"ရေးတုန်းကရေးမယ်ဆိုပြီးရခဲ့တဲ့ plot ကိုအခုမှပြန်ပြင်ပြီးရေးလိုက်တာပါ။အရင်လိုနူးနူးညံ့ညံ့မျိုးမဟုတ်ပါဘူး။

ခပ်ဆိုးဆိုးကောင်မလေးနဲ့တီချယ်အကြောင်းပါ။အနိုင်ယူ၊အနိုင်ကျင့်တတ်တာလေးတွေပါမှာမလို့ အဲလိုပုံစံတွေမကြိုက်ရင်မဖတ်ဖို့ပြောပါရစေ။သိပ်ဆိုးတဲ့ကောင်မလေးက ရိုးရိုးအေးအေးတီချယ်လေးကို ဘယ်လိုတွေနှောင့်ယှက်မလဲဆိုတာကတော့ ဖတ်ကြည့်မှပဲသိပါလိမ့်မယ်။Skinshipတွေပါနိုင်တာမလို့ အဲလိုမျိုးမကြိုက်သူဆိုအစတည်းက Dropလိုက်ပါလို့ပြောပါရစေ။18+warning တော့မပေးပါဘူး။အဲလောက်ထိကြမ်းတာမျိုးမဟုတ်တာမလို့ရယ်။

🤍🤭 အရိုင်းပန်းလေးတစ်ပွင့်ကို စာဖတ်သူတွေဆီပို့ပေးလိုက်ပြီမလို့ အက်စတာနဲ့ခံစားချက်တူညီပြီး အတူစီးမျောပေးချင်တဲ့သူတွေကတော့ စောင့်မျှော်အားပေးပါအုံးလို့တောင်းဆိုပါရစေ။အမုန်းတရားကနေစတင်တဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဆီအတူသွားကြရအောင်ပါ။

==================================>

တီချယ့်အရိုင်းပန်း
အပိုင်း (၁)

°၂၀၁၈ ခုနှစ်၊ဒီဇင်ဘာလ (၅) ရက် °

"ရွှန်းရေ မုဏ်းတို့ကျောင်းနောက်မှာရန်ဖြစ်နေပြန်ပြီတဲ့"

"နင့်ကိုဘယ်သူပြောတာလဲ"

"လမ်းမှာပြောတာကြားခဲ့တာ၊ကျောင်းနောက်ဘက်ကို သွားကြည့်ကြတဲ့သူတွေလေ"

"မုဏ်းတစ်ယောက်နဲ့လည်း စိတ်ညစ်ပါတယ်။လာ..လာ..သူ့ဆီမြန်မြန်သွားရအောင်။ခဏလေးပဲလူကွဲလာတာကို"

စားသောက်ထားသည်များအားပိုက်ဆံရှင်းပြီး ကျောင်းနောက်ဘက်ဆီ အပြေးလေးလာကြမိသည်။

"လွင်လွင်...ဟုတ်ရောဟုတ်ရဲ့လားဟယ်၊ခုနလေးမှငါတို့နဲ့လူခွဲလာတာကို"

"မုဏ်းအကြောင်းနင်မသိလို့လား။ထစ်ခနဲဆို ဖြစ်ပြီပဲကို။မြန်မြန်လျှောက် ဒေါ်ရွှန်းရဲ့နှေးကွေးလိုက်တာ"

"တော်ပြီ..တော်ပြီ ငါမလိုက်နိုင်တော့ဘူး။နင်တို့မြန်မြန်သွား ငါဖြေးဖြေးပဲလိုက်ခဲ့တော့မယ်။"

တီချယ့်အရိုင်းပန်းWhere stories live. Discover now