အပိုင်း (၁၁)

4.8K 316 68
                                    

တီချယ့်အရိုင်းပန်း
အပိုင်း (၁၁)

"Farewell dinner သွားမယ်မလား"

"အင်း"

"တစ်ယောက်တည်းလား"

"အင်း"

"ဟာ..ဘာဖြစ်လို့ တအင်းအင်း လုပ်နေတာလဲ"

"အင်း"

"တီချယ်!"

မှော်အသံထွက်အောင်ရယ်လိုက်မိသည်။ဘေးနားမှာ စကားတွေ တတွတ်တွတ်ပြောနေတာ အတော်လေးနားညည်းလာတာကြောင့် စလိုက်ခြင်းသာ။

"ရှင်ကသိပြီးသားကိစ္စတွေကိုကျွန်မကိုလာမေးနေတာလေ၊အဲတော့ အင်းပဲဖြေရတာပေါ့"

"မသိလို့မေးတာကို"

"ဘာကိုမသိလို့မေးတာလဲ၊Farewell dinnerက ဆရာမအကုန်တက်ရမယ်ဆိုတာလည်းရှင်သိတယ်၊နောက်ပြီး ကျွန်မတစ်ယောက်တည်းသွားမှာလဲရှင်သိတာပဲ။ဘာလို့အပိုတွေလျှောက်မေးနေတာလဲ။စာလုပ်နေပါလား"

"ပျင်းတာကိုတီချယ်ရဲ့၊ဇွတ်ကိုစာပဲလုပ်ခိုင်းနေတယ်"

"မင်းစာမေးပွဲဖြေရတော့မှာလေ၊စာမလုပ်ခိုင်းလို့ဘာလုပ်ခိုင်းရမှာလဲ"

"စာမေးပွဲဆိုတာကြီးကိုမပြောစမ်းပါနဲ့တီချယ်ရာ..။မကြားချင်ဘူး"

"စာမေးပွဲပြီးသွားရင် ကျောင်းပတ်ပြီးကောင်မလေးတွေကိုကြူမရတော့တာမလို့ မကြားချင်တာမလား"

"ဟာ...ကြည့်စမ်း ပြောရက်တာ"

"မဟုတ်လို့လား"

"ဟုတ်တယ်...ဟီး"

"သွား...။စာပဲလုပ် စကားထပ်မများနဲ့"

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးလိုက်မိကြသည်။အရင်က စိတ်ညစ်ညူးစရာဖြစ်ခဲ့သည့်အခန်းဟာ အခုတော့ ရယ်သံတို့ဖြင့်လွှမ်းခြုံလျှက်။တစ်ယောက်နဲ့တစ်ယောက်နားလည်ခြင်း၊ညှိယူခြင်းတွေနဲ့အဆင်ပြေလာခဲ့ကြသည့်နောက် ဟိုအရင်က တွေ့တိုင်းပြဿနာတက်ခဲ့သည်မှာ မှော်တို့မဟုတ်သလိုပင်။ပြောင်စလဲသွားသည့်သူ့ပုံစံအားကြည့်ကာ အတော်များများကအံ့သြကြသည်။အချို့ကလည်း အလကား တခဏဟုဆိုတတ်သည်။ဘယ်လိုပဲဖြစ်ဖြစ် မကြာခင်ကျောင်းပြီးကာသူ့အဖေရဲ့လုပ်ငန်းတွေကိုဦးစီးတော့မည့်သူတစ်ယောက်အနေနှင့် အရင်လိုမဆိုးသွမ်းတော့တာ ဂုဏ်ယူစရာဟုပြောရမလားပင်။

တီချယ့်အရိုင်းပန်းUnde poveștirile trăiesc. Descoperă acum