🤍18🤍

805 89 68
                                    

ငွေလအင်ပါယာ‌မြို့တော်၏ လမ်းမများထက်တွင် ‌‌ေရာင်း၀ယ်‌ေဖာက်ကား‌ေန‌ေသာကုန်သည်များ၊သွားလာလှုပ်ရှားနေကြသည့် အဆင့်အတန်းမျိုးစုံမှ ပြည်သူများဖြင့် စည်ကားနေသည်။

"လာနော် လာနော် ဟောဒီဘက်က လတ်လတ်ဆတ်ဆတ်အသီးအရွက်တွေရမယ်"

"ကျွန်တော်တို့ဆိုင်က အနံ့အရသာနဲ့ပြည့်စုံတဲ့အသားကင်ကိုလာမြည်းစမ်းကြပါ လျှာလည်သွားစေရမယ်လို့ အာမခံပါရဲ့ဗျာ"

"သခင်မလေးရှင့် လာပြီးကြည့်ကြည့်ပါဦး ဒီလိပ်ပြာဆံထိုးလေးနဲ့သာဆို တကယ့်လိပ်ပြာအစစ်လေးက သခင်မလေး‌ဆံထုံးပေါ်လာနားနေတဲ့အတိုင်း လှနေမှာနော်"

"ဘာလိုလဲ ဘာရှာလဲ လာကြဗျို့ အသားမျိုးစုံရစေရမယ်"

"သခင်လေးဆိုင်ထဲမ၀င်တော့ဘူးလားရှင့် သခင်လေးဖတ်နေကြ ရုပ်ပြစာအုပ်အပိုင်းသစ်ထွက်နေပြီနော်"


ရထားလုံးအတွင်းမှ လိုက်ကာစလေးကိုအသာကာ အပြင်လောကအားကြည့်နေသော ဂျယ်ယွန်း၏မျက်၀န်းလေးတွေက တလက်လက်တောက်ပလို့နေသည်။


ဂျယ်ယွန်းမှာ ယခုမှသာ ငွေလအင်ပါယာမြို‌့တော်ကြီး၏ စည်ကားသိုက်မြိုက်မှုနှင့် သက်၀င်မှုတို့အား လက်တွေ့ကြုံရခြင်းဖြစ်သည်။

သူ၏ဦးလေးတော်စပ်သူက အပြင်ပေးမထွက်သည့်အပြင် မြူနှင်းငွေ့ခရိုင်‌ကနေ မြို့တော်ကိုလာတုန်းကလဲ မြောက်ဘက်ဂိတ်ကနေသာ မြို့ထဲ၀င်လာရသည်မို့ ယခုလိုကြီးကျယ်ခမ်းနားသည့်မြို့တော်ကြီးကို မမြင်တွေ့နိုင်ခဲ့ပေ။


ဂျယ်ယွန်း၏ ခွေးပေါက်လေးလို ချစ်စရာကောင်းသော မျက်၀န်းလေးများက လမ်းမကြီးတစ်‌ေလျှာက်ရှိ ပတ်၀န်းကျင်အား စူးစမ်းနေပြီး အသစ်အဆန်းတွေတွေ့မြင်နေရသဖြင့် သဘောတွေ့နေလေသည်။


ဂျယ်ယွန်းက လိုက်ကာစကိုဟကာ ကြည့်နေသော်လည်း အပြင်ဘက်က လူတွေကတော့သူ့ကိုမမြင်နိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် သ၀န်တိုတတ်လွန်းသော အရှင့်သားက ဂျယ်ယွန်းမျက်နှာလေးအား တခြားလူတွေတွေ့သွားမှာစိုးရိမ်သဖြင့် ဂျယ်ယွန်းခမျာ မျက်လုံးလေးသာ ဖော်ပြီး လိုက်ကာကြားထဲကနေ ချောင်းကြည့်နေရရှာသည်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Jan 05 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)Tempat cerita menjadi hidup. Temukan sekarang