နီခီက အထဲကမြင်ကွင်းကို ရှက်ရှက်နဲ့ခိုးကြည့်ရင်း စိတ်ထဲကနေတွေးနေမိသည်
*ခေါင်းဆောင်ရဲ့ သံမဏိလိုမာကြောတဲ့ ကိုယ့်ဟာကိုယ်ထိန်းချုပ်နိုင်စွမ်းက ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ
မဟုတ်မှလွဲရော ခေါင်းေဆာင်မိေနတဲ့အဆိပ်ထုတ်ဖို့အရေး ဒီလို...မေလျာ်ကန်...အဲေလ... ထူးထူးဆန်းဆန်းလိုအပ်ချက်တွေများလိုအပ်နေလို့လား*
အခန်းအပြင်ဘက်က အဖွဲ့သားတွေက အခန်းထဲပြေး၀င်ပြီးတားရမလို၊မတားရမလို ဆက်ပြီးပဲချောင်းကြည့်ရမလိုဖြစ်နေချိန်တွင် ဆောင်းဟွန်းမှာလဲ အနည်းငယ် ခေါင်းခြောက်လို့နေသည်။
ဆောင်းဟွန်းက အသက်နှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း ဒီအရွယ်အထိ ထိုကိစ္စမျိုးကို အတွေ့အကြုံမရှိချေ။
တကယ်တမ်း နဖူးတွေ့ဒူးတွေ့ကြုံရတဲ့အခါကျတော့ ဘယ်ကဘယ်လိုစလုံးေရစပြီး လုပ်ရမှန်းမသိတော့ချေ။
သူ့နားကပ်လာသည့် ဂျယ်ယွန်းကိုကြည့်ပြီး သူ၏ ကြွက်သားတွေ တောင့်တင်းလို့လာသည်။
ဆောင်းဟွန်းတစ်ယောက်အတွေးလွန်နေစဉ် ကောင်လေးက သူ့၀မ်းဗိုက်နား ခေါင်းငုံ့လာသောအခါ ဆောင်းဟွန်း အေးခဲသွားလေသည်။
*မဟုတ်မှ သူ့ဘက်ကစပြီး ဦးဆောင်မလို့လား*
သို့သော်လည်း အတော်အတန်ကြာပြီးသည်အထိ တစ်ဖက်လူက ရှေ့ဆက်မတိုးဘဲ သူ့၀မ်းဗိုက်က ဒဏ်ရာကို အနီးကပ်ငုံ့ကြည့်နေခြင်းကြောင့် ဆောင်းဟွန်းလဲ ကြောင်သွားရလေသည်။
ဆောင်းဟွန်း၏ မြင်ကွင်းမှနေ၍ တစ်ဖက်လူ၏ မျက်တောင်စင်းစင်းလေးတွေကိုပါ အသေးစိတ်မြင်နေရပြီး မျက်တောင်ခတ်လိုက်တိုင်း ထိုမျက်တောင်ဖျားတွေက လှုပ်ရှားသွားသည်ကိုမြင်ရသောအခါ ဆောင်းဟွန်းအသည်းထဲကယားယံမှုဟာ ဒဏ်ရာ၏ နာကျင်မှုကိုပင် ဖုံးလွှမ်းသွားတော့လေသည်။
ထိုအချိန်တွင် ဂျယ်ယွန်းက ဆိုးဝါးလှသော ဒဏ်ရာအခြေအနေကိုစိုက်ကြည့်လို့နေသည်။
![](https://img.wattpad.com/cover/352635496-288-k296224.jpg)
YOU ARE READING
𝙷𝚎 𝚋𝚎𝚕𝚘𝚗𝚐𝚜 𝚝𝚘 𝙷𝚒𝚖 (𝚂𝚞𝚗𝚐𝙹𝚊𝚔𝚎)
Fanfictionနတ်ဆိုးဆန်တဲ့ မင်းသားတစ်ပါးက သူ့ရဲ့ ကြင်နာတတ်တဲ့ ကြင်ယာတော်အလှလေးကိုရဖို့ ဘယ်လိုတွေကြိုးပမ်းခဲ့သလဲဆိုတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ Sungjake Short Story Written in Burmese (Unicode) This is my gift for @eunnie_04 Hope Y'all Enjoy it💗