"ဟီး.....ကျွန်တော်အိပ်ချင်နေတာ...ဟိုလေ ပြီးတော့ အကိုက အစိမ်းရောင်ကြိုက်တာလား"

အခန်းအတွင်းအပြင်ရော အိမ်ပြင်ထိပါ အစိမ်းရောင်များနှင့် ခြယ်သထားပြီး ပရိဘောဂပစ္စည်းများကအစ အစိမ်းရောင်များဖြစ်ကြသည်။ တော်ရုံ အစိမ်းရောင်သိပ်သုံးလေ့မရှိကြပေမယ့် အကိုကကြိုက်နေသက်ပုံရသည်။

"အစိမ်းရောင်ကိုမြင်နေရတဲ့အချိန် အကို့ရဲ့စိတ်ခံစားချက်တွေကို တည်ငြိမ်သွားစေတယ်.....ပြီးတော့အစိမ်းရောင်က အေးချမ်းမှုကိုလည်းပေးနိုင်တယ်လေ..."

အကိုက ကုတင်ဘေးနားက ပန်းပင်အိုးအသေးလေးကိုကြည့်ပြီး ရတုကိုပြော‌လာတာကြောင့် ရတုလည်း အမှတ်မထင် ထိုပန်းပင်အိုးလေးဆီအကြည့်ရောက်သွား၏။

ပန်းအိုး အသေးစားပုံလေးပေါ်မှာ စံပယ်ပင်အသေးစားလေးစိုက်ထည့်ထား၏။ ထိုပန်းအိုးလေးရှေ့မှာတော့ အစိမ်းရောင်စားသားလေးဖြင့် ထွင်းထုထားသော"မောင်"ဆိုသည့်  စာတန်းလေးကိုမြင်ရသည်။

"မောင့် အတွက်....အကိုဝယ်ပေးထားတာ"

မဆိုင်းမတွအကိုကပြောလာအခါ ရတု ထိုပန်းအိုးဆီမှအကြည့်လွှဲပြီး အကို့ကို ကြည့်လိုက်မိသည်။ အကိုက ရတုကိုကြည့်မနေ ထိုပန်းအိုကိုသာစိုက်ကြည့်နေခြင်းဖြစ်၏။

"မောင် ဂရုတစိုက်ပျိုးထောင်ပေးနော်....အဲ့ပန်းအိုးလေးထဲ အကို့နှလုံးသားပါ စိုက်ထည့်ထားတာမို့"

"ဗျာ......"

ရတု မကြားတကြားပြောလိုက်တဲ့အသံကြောင့်အကို့ကိုထပ်မေးတော့ အကိုကဘာမျှပင်မပြောတော့ဘဲ အိပ်တော့ဟုဆိုကာ အခန်းထဲမှထွက်သွားတော့သည်။

ရတုထိုပန်းပင်လေးနားကပ်သွားလိုက်ပြိး ကနုတ်အနားသတ်လေးတွေနဲ့နာမည်ရေးထိုးထားတဲ့ အိုးလေးကို လက်နှင့်အသာပွတ်ကြည့်လိုက်မိသည်။

အကိုကအစိမ်းရောင်ရှိတဲ့ပန်းပင်တွေကို ကြိုက်နှစ်သက်တာကိုး။

__

၁၂ နာရီတိတိ မော်ကွန်းအခန်းထဲမှာ တစ်ယောက်တည်း အတွေးပေါင်းများစွာနှင့် ။ စားပွဲပေါ်က macbook ကိုယူလိုက်ပြီး camera မှတ်တမ်းထဲဝင်လိုက်၏။ မောင်က စိတ်အေးလက်အေးပင် အိပ်နေသည်မှာ တကယ့်အသည်းယားစ‌ရာလေး။ ခွေခွေလေးအိပ်နေခြင်းကြောင့် မောင့်ခြေထောက်တစ်ဖက်က စောင်အပြင်ဘက်ကိုတောင် ထွက်နေလေ၏။ မီးအလင်းမပိတ်ထားတာကြောင့် မောင့်ပုံစံလေးကိုသေသေချာချာမြင်နေရသည်။

ရူးWhere stories live. Discover now