Ep(12) {unicode}

70 3 0
                                    

ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ် ep(12)

မနေ့ကတေးမှတ်ထားခဲ့သည့်အတိုင်း သရက်သီးမှည့်များထည့်ထားသောခြင်းတောင်းလေးတစ်လုံးကိုကိုင်ကာ ဦးသွေးမောင် တို့ဝိုင်းထဲ ကလျာနွေး ရောက်ခဲ့တော့သည်။ အိမ်ရှင်ဖြစ်သည့်ဦးသွေးမောင်ကိုနောက်မှာထား ကြီးတော်နန်းသွေး ကိုအရှေ့မှာထား အဲလေ ကြီးတော်ကိုလည်းအနောက်ထား သူငယ်ချင်းဖြစ်တဲ့မိစု‌ကိုလည်းအနောက်ထား မနေ့ကတွေ့လိုက်တဲ့အဆင်လေးနှစ်ယောက်ကိုသာမျက်လုံးဝေ့၍ရှာနေမိသည်။ မနေ့ကတွေ့ခဲ့သောအိမ်အောက်ကကွပ်ပျစ်တွင်မတွေ့ရ၍ အောက်နူတ်ခမ်းကိုကိုက်ကာလျှောက်တွေးနေမိသည်။

~အိမ်ရှေ့မှာရော အိမ်အောက်မှာကောမရှိကြဘူးဆိုတော့သူတို့တွေတစ်နေရာရာမှာများ အမလေးရင်တွေခုန်လိုက်တာနော် ~

နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်ကိုလက်ဖြင့်အသာဖိကာ ဟိုချောင်းဒီချောင်းလုပ်နေမိသည်။

"ကလျာ"
"ဟဲ့အဆင် အဆင် အဲလေ "

အိမ်နောက်တွင်မုန်ညင်းရွက်တွေသင်ပြီး၍ အိမ်ဘေးနားကငရုတ်သီးပင်တွင်ငရုတ်သီးခူးရန် ထွက်အလာ အိမ်ကိုဟိုချောင်းဒီချောင်းလုပ်နေသော ကလျာနွေးကိုမြင်လိုက်၍စုစုသွေးအနားသို့လာခဲ့ခြင်းဖြစ်သည်။ ဒါတောင်သတိမထားနိုင်သေးဘဲဘလင်းဘလင်းဖြစ်နေသောမျက်လုံးများဖြင့် အိမ်ထဲကိုချောင်းနေ၍ပုခုံးကိုပုတ်ကာအသိပေးလိုက်ခြင်းဖြစ်သည်။ ကလျာနွေးသည်လည်းရုတ်တရက်မို့လန့်သွားပြီးစိတ်ထဲမှာတွေးနေသော အဆင်ကိစ္စကိုပြောထွက်သွားသည်။ ဒါကိုရိုးသားလွန်းသည့်စုစုသွေးကမျက်လူံးဝိုင်းများဖြင့်ကြည့်ကာ အဓိပ္ပာယ်ကိုသိချင်ကြောင်းဖော်ပြနေသည်။

"အဆင်ကဘာလဲကလျာ"
"ဟို အဲ့ဒါက အင်း! ယောကျာ်းချောချောလေးတွေကိုပြောတာ"
"ဒါဆိုမိန်းကလေးချောချောတွေဆိုရင်ရော"
"ဆင်မတဲ့"
"ဟမ်"
"ကဲ လာပါဟယ်‌ဒီမှာငါသရက်သီးတွေခြံထဲကမှည့်၀င်းနေလို့ခူးလာတာ"

သရက်သီးဖြင့်မျက်နှာလုပ်ကာ စုစုသွေးကိုအတင်းဆွဲပြီးအိမ်နောက်ဖက်သို့သာလာခဲ့လိုက်ကြသည်။ ကြောင်တောင်တောင်ဖြင့်လိုက်ပါလာသောစုစုသွေးမှာကလျာ၏လက်ထဲမှသရက်သီးခြင်းကိုယူကာ ပြုံးနေတော့သည်။

ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)Where stories live. Discover now