Ep(8)unicode 🐶

135 8 1
                                    

ကျွန်​​တော်​​ယောကျာ်​းတစ်​​ယောက်​ကိုချစ်​​နေမိတယ်​ep(8)

မိုး​ဝေယံဆိုတဲ့​ကောင်​ကသာလိကာလိုပင်​စကား​ပြောတာမရပ်​​တောတေအရန်လည်​းနားမ​ထောင်​နိုင်​တာနဲ့အိမ်​​ပေါ်တက်​ခဲ့လိုက်​​တော့သည်​။အခန်​းထဲ​ရောက်​​တော့အဝတ်​အိတ်​သုံးခုကိုတွေ့လိုက်ရပြန်သည်။

"ကိုမိုးရန်​ကင်​းအတွက်​ကအမဲ​ရောင်​အိတ်​ထဲမှာ အပြာရင်​့ကဆရာ့အတွက်​အစိမ်​းပုတ်​ကကျွန်​​တော်​့အဝတ်​အိတ်​''
"မင်​းကဒီမှာအိပ်​မလို့လား''
"အင်​း​လေ''
"ဘယ်​​နေရာမှာအိပ်​မှာလဲ?''
"အလယ်​မှာ​ပေါ့ဆရာကအလယ်​မှာမအိပ်​တတ်​ဘူး​လေကိုမိုးရန်​ကင်​းကျပြန်​​တော့လည်​းဧည်​့သည်​ဆို​တော့အိပ်​လို့မတင်​့​တော်​ဘူး​လေ''

အရန်ကို​ပြောပြီးတာနှင့်ပစ္စည်​းများ​ကိုနေရာချ‌နေသည့်ကျေးဇူးရှင်ဟာအလိုက်ကမ်းဆိုးတော်တော်မသိတတ်သူဖြစ်မည်။ ကို​သွေးနဲ့အိပ်​ရသည်​မှာတစ်​ညထဲသာရှိ​သေးသည်​။ယခု​တော့​ခွေးတစ်​​ကောင်​ကကြားမှာဝင်​အိပ်​​တော့မည်​။

~ဟင်​း...စိတ်​ရှုပ်​လိုက်​တာကွာငါဘာလို့ကို​သွေးနဲ့အတူရှိ​နေချင်​မှန်​းမသိဘူး~

စိတ်​ရှုပ်​​ထွေးစွာပင်​အိမ်​​အောက်​ထပ်​သို့ဆင်​းလာခဲ့လိုက်သည်​။​စိတ်ရှုပ်ထွေးမှုကြောင့်အိမ်၀ဘက်ကိုသာလှည့်ကြည့်၍ဆင်းလာခိုက်လူတစ်​​ယောက်​နှင်​့တိုက်​မမိလိုက်သည်။ အရန်၏ခန္ဓာကိုယ်ကတောင့်တောင့်တင်းတင်းဖြစ်သဖြင့်တစ်ချက်ကလေးပင်မယိုင်သွားသော်ငြား အရန်နှင့်တိုက်မိသွားသည့်ကိုသွေးကတော့နောက်ပြန်လဲကျမလိုဖြစ်သွားသည်။ ကိုသွေးကိုတိုက်မိသွားတာဖြစ်၍စိုးရိမ်မှုတို့နှင့်အတူ လက်တစ်ဖက်ကိုလှမ်းဆွဲပြီးခါးကိုလျင်မြန်စွာထိန်းကိုင်ထားလိုက်သည်။

"အာ...​ဆော...​ဆောရီးကို​သွေး..ကျွန်​...ကျွန်​​တော်​အိမ်​သာသွားအုန်​းမယ်​''

ကိုသွေးနှင့်သိပ်နီးကပ်လွန်းနေတာကြောင့်နေမသိထိုင်မသာဖြစ်လာကာ ခန္ဓာကိုယ်ကိုပြန်မတ်စေပြီးတာနှင့်ရှောင်ထွက်သွားတော့သည်။

ကျွန်တော်ယောကျာ်းတစ်ယောက်ကိုချစ်နေမိတယ်(ongoing)Where stories live. Discover now