အပိုင်း(၁၃) Zawgyi

Start from the beginning
                                    

တစ်နည်းအားဖြင့်ဆိုသော်မိမိ​၏ကြိုးစားမှုကိုသာယုံကြည့်၍အခြားသောအရာများအား အယုံအကြည်ကင်းမဲ့သော အရှင်သည်သူ​၏နတ်နန်းကိုတစ်ခါမှရောက်လာခဲ့ဖူးခြင်းမရှိတာဖြစ်သည်။မင်းအဆက်ဆက် ကိုးကွယ်လာသည့် နတ်နန်းအား ဝမ်မိဖုရားကြီးကိုငဲ့ညှာသောသဘောဖြင့် ဆက်ထားပေးထားဟန်ရှိသည်။အရှင့်သဘောနှင့်သာဆိုလျှင် သူ့နတ်နန်းသည်နန်းပြင်ရောက်နေတာကြာပြီဖြစ်​၏။

"ချီရှန့်လေးရဲ့ လက္ခဏာက ဘယ်လိုလဲ...အရင်တိုင်းပဲမပြောင်းလဲဘူးမလား..."

ဝမ်မိဖုရားကြီးထုတ်မေးလာမှ နတ်ဆရာယင်အန်း​၏အတွေးများရပ်သွားသည်။မျှော်လင့်ချက်များပြည့်နှက်နေသည့် မိဖုရားကြီးကို သူသည်အမှန်ကိုအမှန်တိုင်းဆို၍မရ။ချီစစ်သူကြီး​၏သမီးဖြစ်သူချီရှန့်သည် ဝမ်မိဖုရားကြီး​၏ချစ်မြတ်နိုးမှုကိုရရှိထားသည်ကြောင့် သူ့အနေနဲ့ အမျက်တော်အရှမခံရရန်မြင်လျှင်မြင်သည့်အတိုင်းလည်းပြော၍မရဘဲ နေရာမြဲအောင် မုသားဆို၍နားထောင်ကောင်းအောင်ပြောရ​မည်ဖြစ်​၏။

"မိဖုရားလောင်း ချီရှန့်ရဲ့လက္ခဏာကိုကြည့်တိုင်း ကျွန်တော်မျိုးအင်မတန်မှ ဝမ်းမြောက်မိပါတယ်...ကျွန် တော်အရင်အခေါက်တွေတုန်းကပြောခဲ့သလိုပဲ သားဦးကို သားယောကျာ်းလေးမွေးပေးပြီး နန်းမွေပေးနိုင် မှာပါ..."

နတ်ဆရာယင်အန်း​၏အပြောကြောင့်ဝမ်မိဖုရားကြီးဘဝင်ခိုက်ဟန်ရှိသည်။ချီရှန့်​၏လက်ဖဝါးကိုဆုပ်နယ် ပေးရင်း နတ်ဆရာယင်အန်းကိုကြည့်ကာ...

"အဲ့တာတွေကဟုတ်ပါပြီ...အဲ့ကိစ္စတွေအကောင်အထည်ဖော်ဖို့အတွက် ရှင်တို့ရဲ့အရှင် တောင်နန်းဆောင်ကို အိပ်ဆောင်မြန်မြန်ဝင်ချင်တဲ့စိတ်ရှိအောင် အဆောင် အယောင်လေးတွေလုပ်ပါဦး..."

"မှန်လှပါ မိဖုရားကြီး...ခေတ္တခဏစောင့်ဆိုင်းတော်မူပါ..."

နတ်ဆရာယင်အန်း နတ်နန်း​၏အတွင်းဆောင်သို့ဝင် သွားသည်။မိုးနတ်မင်း​၏ရုပ်ထုတော်မှသည် အခြားသောနတ်မင်းအမျိုးမျိုးတို့​၏ရုပ်ထုများ၊ လှူဖွယ်ပစ္စည်းပစ္စယများဖြင့် အလွန်တရာခမ်းနားလှသောနတ်ကွန်း​၏အရှေ့၌ ချိတ်ဆွဲထားသည့် အဝါရောင်အဆောင် စက္ကူတစ်ခုကိုယူသည်။ထို့နောက်စုတ်တံတစ်ခုဖြင့်စာလုံးတချို့ရေးခြစ်ကာ နတ်ကွန်းရှေ့၌ ဒူးထောက်၍ ဂါထာများအမျိုးမျိုးရွတ်ဖတ်ပြီးလျှင် ထိုအဝါရောင်စက္ကူကို အနီရောင်စာအိတ်ထဲထည့်၍ပြန်ယူလာခဲ့​၏။

Ineluctable Where stories live. Discover now