ထွက်ပြေးချင်နေတဲ့သစ်ရွက်လေး

Start from the beginning
                                    

''ရှန်ဟတ်က အများကြီးကွာခြားလာတာပဲနော်''

အစ်ကိုခွန်းသရဲ့ စကားကိုကြားတဲ့အခါနောင်ရင်ထဲစို့ကာလှိုက်တတ်လာသည်..။

''သူကျွန်တော့်ကိုအော်တယ်
ရိုက်လည်းရိုက်တယ်''

ဟင်

ကလေးလိုငိုချလာတဲ့နောင့်ကိုထိန်းရင်းခွန်းသလည်းဘာလုပ်ပေးရမလဲမသိပါ..။

တကယ်တမ်းကြမ်းကြမ်းတမ်းတမ်း ပြုမူခံရတဲ့အခါနောင်ဝမ်းနည်းပါသည်..။

သူ့ကိုအမြဲအလိုလိုက် နူးညံ့ပေးခဲ့တဲ့ရှန်ဟတ်ဟာတကယ်ကိုနွေးထွေးတဲ့ကောင်လေးဖြစ်ခဲ့တာမလို့..

''ပြီးတော့ သူ့လက်ဖဝါးတွေက ဆူးတွေနဲ့''

ငိုရှိုက်ရင်းပြောလာတဲ့နောင့်စကားကိုခွန်းသနားမလည်..။

''တအားနာသွားလို့လား''

''မဟုတ်ဘူး အရင်ကရှန်ဟတ်ရဲ့လက်ဖဝါးတွေက အရမ်းနူးညံ့ပြီး သွယ်သွယ်လေးတွေလေ
အခု အသားမာတွေနဲ့ လက်သည်းခွံတွေဆိုကျိုးပဲ့နေပြီ ဒီနှစ်ထဲသူဘာတွေအဲလောက်ဒုက္ခခံခဲ့ရတာများလဲ''

နောင်အဲအရာကိုဝမ်းအနည်းဆုံးပါပင်..။
ရှန်ဟတ်သူ့ကိုအော်ရင်တောင်ခြိမ်းခြောက်ရင်တောင်ဒီလိုဝမ်းမနည်းမိလောက်ပါ..။

နောင့်လက်ကိုဆုပ်ကိုင်လာခဲ့တဲ့လက်ဖဝါးတွေဟာ လောကဓံကိုအကြိမ်ကြိမ်အံတုခဲ့ရသလို ဒဏ်ရာအမာရွတ်ကြီးတွေနဲ့

ကျိူးပဲ့တုံးတိနေတဲ့လက်သည်းတွေ
လက်ရှည်ဝတ်လာခဲ့ပေမဲ့ အဲကိုယ်မှာဘယ်လောက်အမာရွတ်ဒဏ်ရာတွေရှိနေမလဲ နောင်မတွေးရက်ပါ..။

..

အစ်ကိုခွန်းသကဂရုတစိုက်မေးနေတဲ့ပုံလေးရယ် ငေးတိငေးငိုင်ဖြေနေတဲ့နောင့်ပုံလေးရယ်ကို ချန်ခဲ့တဲ့ကားနောက်မှန်မှကြည့်ရင်းရှန်ဟတ် မပျော်ခဲ့ပါ..။

မေးချင်ခဲ့တာ

မင်းဆွဲထားတဲ့အနာဂတ်မှာမောင့်ကိုတွေ့ဆုံတဲ့တစ်ခန်းလောက်ဖြစ်ဖြစ်မပါဘူးလားလို့..

ရေစက်တွေကအဲလိုလွယ်လွယ်လို့ဖြတ်လို့မရဘူးအချစ်ရေ

မင်းမကြိုက်လည်း
မောင်ကမင်းကိုအလွတ်မပေးနိုင်တာမလို့

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now