Part.17::ကတိတစ်ခု

3.2K 356 95
                                    

.7လပိုင်း7ရက်နေ့

လက်ထဲက ဓာတ်ပုံတွေကိုကြည့်ရင်း
သူမရဲ့စိတ်တွေသည် ကစဥ့်ကလျားဖြစ်သွားပြီဟုပင်ထင်ရသည်....။

''အား!!!''

''ယုလေးရေ စိတ်ထိန်းပါဘာဖြစ်လို့လဲ''

ခုံပေါ်တင်ထားတဲ့ကြွေပန်းအိုးတွေကိုပါ ရိုက်ချခွဲပစ်သည်အထိသူမဒေါသတွေဆူပွက်လာသည်...။

...Y...လုပ်ငန်းစု၏ဖူးဖူးမှုတ်ထားခံရသောတစ်ဦးတည်းသောသမီးလေးမလို့ မွေးကထဲက သူမ မရဖူးသောအရာ.ဟူ၍မရှိခဲ့..။

စိုင်းရှန်ဟတ်

ထိုလူသားသည် သူမဘဝ၏အလိုချင်အတပ်မက်ဆုံးအရာဖြစ်ခဲ့သည်...။

အသက်12နှစ်အရွယ် ရှယ်ယာပွဲတစ်ခုမှာဖေဖေနှင့်လိုက်သွားစဥ် သူမနဲ့ရွယ်တူ ဖြူလွနေတဲ့ဆံပင်တွေနဲ့ကောင်လေးကို ပထမဆုံးအကြိမ်မြင်တွေ့ခဲ့သည်..။

အေးတိအေးစက်12နှစ်သားလေးသည် သူမကိုအပြုံးတစ်ချက်တောင်မပေးခဲ့သော်ငြားရူးးလောက်အောင် သဘောကျခဲ့သည်...။နေ့နေ့ညညတွေးမိတဲ့အထိ..

သူမအရဲစွန့်အရောက်သွားခဲ့သည့်နေ့..

''ငါ နင်နဲ့ခင်လို့ရမလား ရှန်ဟတ်''

ကြွေရုပ်လေးလိုချောမောသောကောင်လေးသည် သူမအား ရင့်သီးလွန်းစွာဆိုခဲ့သည်.

''နှခေါင်းပျောက်မ
နင့်နှခေါင်းကဝက်စားသွားတာလား''

သူမရှက်ရွံ့ခဲ့ရသော်လည်း မနာနိုင်ခဲ့ပါ..။ထမင်းအငတ်ခံပြီး သူမရဲ့သာမန်ရုပ်ရည်ကိုခွဲစိတ်ခံရဖို့တောင်းဆိုခဲ့ရသည်...။

မိဘများမှာ သူမအားအလိုလိုက်ပေးကာ အသက်မပြည့်သော်လည်း ပြည်ပဆေးရုံကြီးတစ်ခုမှာ မှောင်ခိုခွဲစိတ်ပေးခဲ့သည်...။

ဝရင်ရုပ်ဆိုးလို့ သူမအစစအရာရာပြုပြင်ထိန်းသိမ်းနေခဲ့ရသည်..။

A Academy လိုကျောင်းကြီးမှာသူနဲ့အခန်းအတူရအောင်စာကြိုးစားခဲ့သည်..။

အခန်းလယ်မှမှန်ကြီးထဲတွင်ထင်ဟပ်နေသောသူမကိုယ်သူမ စိုက်ကြည့်မိသည်..။

ခါးထိဝဲကျနေတဲ့ အညိုရောင်ဆံနွယ်ရှည်တွေ .ဝိုင်းဝန်းတဲ့မျက်လုံးလေးတွေ.ခပ်ချွန်ချွန်နှာခေါင်းလေးနဲ့နှင်းဆီရောင်နှုတ်ခမ်းဖူးလေး

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now