Part.3

8.8K 1.3K 633
                                    

(Zawgyi+Unicode)

ကျင့်သားရနေတဲ့မျက်လုံးတွေကမနက်6နာရီအတိမှာအလိုက်သိစွာပွင့်ဟသည်..။
တစ်ချက်တောင် ပျင်းရိတွဲနေတဲ့အမူအရာမရှိ အသာအယာပင်အိပ်ရာမှာထလိုက်ရင်း ကုတင်အောက်မှ ခြေစွပ်ဖိနပ်ကိုကောက်စီးသည်..။

တော်တော်လေးရှည်နေတဲ့ငွေဖြူရောင်ဆံပင်တွေက ပကတိဝဲလို့. သက်ရှိနတ်ဘုရားအလား.ချောမောတဲ့မျက်နှာက အရိုင်းဆန်နေသယောင်

အိပ်ခန်းရဲ့ ပြတင်းပေါက်မှ လိုက်ကာကိုပင့်တင်သည်နှင့် ဝင်ရောက်လာတဲ့နေရောင်ဟာ  တစ်ဖက်ကုတင်ပေါ်မေးတင်ပစ်သည်..။

ဟုတ်သားပဲ..အခုနေတာသူတစ်ယောက်တည်းမဟုတ်တော့ဘူးပဲ..

ဘာရယ်မဟုတ်ကြည့်မိရင်းမှ
စောင်ပုံကြီးထဲ မြုပ်ဝင်နေတဲ့ပိန်ရှည်ရှည်ကောင်လေး.ကိုရှန်ဟတ်တော်တော်ကြာအောင်ငေးမိသွားသည်..။

Roll1ကျောင်းသားလေးတဲ့

အရာရာကိုအမြဲအနိုင်ယူဖို့ငယ်ငယ်ထဲကသင်ကြားခံရတဲ့
သူ့အတွက် Roll1မရလိုက္တာဟာ
စိတ်တိုစရာကောင်းတဲ့ Gameရလဒ်နဲ့တူသည်.။

သူ့ဆီကရာရာစစRoll 1လုယူရဲတဲ့ကျောင်းသားဟာ မထင်မရှားမြို့ငယ်လေးက အညတရကောင်လေးတစ်ယောက်ဖြစ်နေတဲ့အချိန်မှာတော့ အံ့ျသ သွားခဲ့သည်.။

အရင်လူတွေလို ခေါင်းမဖော်ရဲအောင်ပညာပေးသွားဖို့ဆုံးဖြတ်ခဲ့တာမှန်ပေမဲ့ ဒီကောင်လေးကတစ်မျိုးထူးခြားနေသလိုပင်...

သာပေါင်းညာစားစိတ်ဓာတ်ရှိတဲ့အဆောင်မှူးရဲ့လုပ်ရပ်တွေကို
ခါတိုင်းသူအလေးမထားခဲ့သော်လည်း

"Scholarကျောင်းသားကို ရေပိုက်မပြင်ရသေးတဲ့အခန်းမှာထားလိုက်မယ် ကုတင်လည်းအဆင်ပြေတာရွေးပေးလိုက်
သူတို့တောမှာကဒီလောက်ဆိုတော်တော်ကောင်းနေပြီထင်မှာ'' ဆိုတဲ့စကားမွာ
သူ့အခန်းထဲထည့်ဖို့ဘာလို့ဆုံးဖြတ်မိလိုက်တာလဲမသေချာ..

အဝတ်စုတ်နှစ်ထုတ်နဲ့ရောက်ချလာတဲ့ငအလေးဟာ
မာနကတော့အကြီးသား..

နည်းနည်းလောက်အထက်စီးဆန်ပြလိုက်တာနဲ့ရဲတတ်သွားတဲ့မျက်နှာတင်းတင်းမာမာလေးက နှစ်ခါပြန်ကြည့်ချင်စရာကောင်းနေသည်..။

လေပြည်မရှိသောအရပ် (season2)Où les histoires vivent. Découvrez maintenant