" တေလွန်း..!! မင်း.. "

" ရပါတယ်ကွာ....၊ ငါ ဘယ်မှာအိပ်အိပ်အဆင်ပြေပါတယ် "

" မရဘူး... မင်း ငါ့အိမ်မှာပဲ ငါနဲ့အတူတူနေ...၊ တေလွန်း မင်း ငါ့ကို အဲ့လောက်ကြီးထိ လိုက်မချုပ်ချယ်နဲ့!! ငါ ကလေးမဟုတ်တော့ဘူး "

ကျွန်တော်လည်း တေလွန်းကို အဘရှိနေတဲ့ကြားကနေ အော်လိုက်မိတယ်။ ဒါကြီးက တော်တော်လွန်လွန်းတယ်မဟုတ်လား။ ဟန်သာက ဘယ်လောက်ပဲနားလည်ပေးပါစေ...၊ အဲ့လောက်ထိ သဘောထားသေးသိမ်တာကတော့ မဟုတ်သေးဘူးလေ။ ကျွန်တော့်မှာ ကျွန်တော်တို့နှစ်ယောက်ကြား ပြဿနာမဖြစ်ပေးအာင် အလိုက်တသိနဲ့ဝင်ပြောပေးတဲ့ဟန်သာရဲ့မျက်နှာကိုပင် တေလွန်းကြောင့် ရဲရဲမကြည့်ရဲတော့ပေ။ ဘယ်လောက်ထိ အားနာစရာကောင်းလိုက်သလဲ။ ကျွန်တော်လည်း သူ့ကိုစိတ်ဆိုးလွန်းလို့ သူ့မျက်နှာကိုပင် မကြည့်ချင်တော့ပေ။ အဲ့တာကြောင့် မျက်နှာချင်းဆိုင်ထိုင်နေရာမှ လှည်းမောင်းနေတဲ့အဘရဲ့အနားမှာ သွားထိုင်လိုက်သည်။

" တေလွန်းရာ... ရှင်မွှေးပြောတာလည်း ဟုတ်နေတာပဲ၊ မင်းက အဲ့လောက်ထိတော့ အနိုင်မကျင့်သင့်ဘူးလေ.... "

" တောက်စ်!!! "

တေလွန်းက သူ့အနားလာပြီးခပ်တိုးတိုးပြောတဲ့နိုင်ထွန်းရဲ့စကားကို မကြားဟန်ပြုကာ ရှင်မွှေးရဲ့နောက်ကျောကို နီရဲနေတဲ့မျက်လုံးတွေနဲ့ ဒေါသတကြီးစိုက်ကြည့်နေသည်။ ဟန်သာမှာလည်း မေးကြောတွေထင်းနေကာ သွေးကြောတွေတင်းသည်အထိလက်သီးကိုဆုပ်ထားပြီး ရှင်မွှေးကိုပြာကျမတက်စိုက်ကြည့်နေတဲ့တေလွန်းကြောင့် သူ လိုက်လာမိတာမှားပြီလို့တွေးလိုက်သည်။ ဟန်သာက တေလွန်းသာ နဂါးတစ်ကောင်ဖြစ်နေရင် တော်တော်ကြောက်စရာကောင်းလိမ့်မည်ဟုထင်သည်။ အခုပုံစံနဲ့တောင် သူ့မှာတော်တော်လန့်နေသည်။ လှည်းပေါ်မှာထိုင်နေတာမို့တော်သေးသည်၊ မတ်တပ်ရပ်နေရင် တေလွန်းရဲ့ဒေါသထွက်နေတဲ့ပုံစံကိုမြင်ပြီး ဒူးမခိုင်ဘဲ လဲကျသွားနိုင်သည်။

ရှေ့မှာသွားထိုင်နေတဲ့ရှင်မွှေးလည်း တေလွန်းရဲ့တောက်ခေါက်သံကြောင့် ခန္ဓာကိုယ်လေး ဆတ်ခနဲတုန်သွားပေမဲ့ တေလွန်းကိုလှည့်မကြည့်ပေ။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now