အဲ့ဒါတော့ ဟုတ်ပါသည်

ဘက်ခဟျွန်းရဲ့ အမေကိုလည်း သူ့မိဘတစ်ယောက်လို သဘောထားခဲ့တာပါပဲ

မေမေရဲ့ သူငယ်ချင်းရော ၊ သူတို့ဆရာမလည်း ဖြစ်ခဲ့တဲ့ ဘက်ခဟျွန်းရဲ့ မေမေက ဘက်စုံထူးချွန်တဲ့ ချန်းယောလ်ကို ဘက်ခဟျွန်းထက်တောင် ပိုဉီးစားပေး အလိုလိုက်ခဲ့ရှာတာ

ဒီအတောအတွင်းမှာ ဘက်ခဟျွန်းတစ်ယောက် ဘယ်လောက်အထီးကျန်နေခဲ့မလဲ

***

ဘက်ခဟျွန်း အိမ်ထဲကနေ လှမ်းကြည့်လိုက်တော့ ခြံရှေ့မှာ ရပ်ထားတဲ့ ချန်းယောလ်ရဲ့ ကားကို လှမ်းမြင်သည်

ကျေးဇူးပြုပြီး

ဒီနေတော့ ချန်းယောလ်နဲ့ ရန်ဖြစ်ဖို့ အားမရှိဘူး

ပြင်ဆင်ထားတဲ့ ပန်းစီး နဲ့ စားဖွယ်တစ်ချို့ကို ယူရင်း ဆိုင်ကယ်သော့ကိုဆွဲကာ ထွက်လာလိုက်သည်

သူအိမ်ထဲက ထွက်လာတာမြင်တော့ ချန်းယောလ် က ကားပေါ်က ဆင်းလာသည်

“ဘက်ခဟျွန်း..ငါလိုက်ပို့မယ်”

ချန်းယောလ်ရဲ့ ရန်စောင်နေတာ မဟုတ်တဲ့ အသံကို ပထမဆုံးကြားရတာမို့ မော့ကြည့်လိုက်သည်

“မေမေက သစ်သီးပန်းခြင်းလည်း ထည့်ပေးလိုက်တယ်”

အနည်းဆုံးတော့ သူပြင်ဆင်လာတယ်လို့ မညာတာကိုပဲ ဘက်ခဟျွန်း စိတ်သက်သာရာ ရသွားသေးသည်

ချန်းယောလ်က သူ့လက်ထဲက အထုပ်ကို လှမ်းယူရင်း ကားဆီဦးတည်သွားတယ်

မေမေလည်း ချန်းယောလ်ကို လွမ်းနေလောက်မှာပဲ

***

“မေမေ သားလာတယ်”

ဘက်ခဟျွန်းက မေမေ့အုပ်ဂူရှေ့မှာ ဒူးထောက်ထိုင်ရင်း ပန်းစီးကို ချပေးလိုက်တယ်

“ကျွန်တော်ရော”

ချန်းယောလ်က ဘက်ခဟျွန်းဘေးမှာ ကပ်ရင်းဒူးထောက်ထိုင်ချလိုက်တယ်

အရင်ဆို ဘက်ခဟျွန်းက မေမေ့ဆီလာတဲ့အခါတိုင်း စကားတွေ များနေပေမယ့် အခုတော့ ဘာမှ မပြောဖြစ်ပဲ

သစ်ရွက်ကြွေတို့ ကိုသာ တစ်ခုချင်း ကောက်ဖယ်ပေးနေမိတယ်

“အခုမှ လာခဲ့ရလို့ တောင်းပန်ပါတယ်”

BittersweetWhere stories live. Discover now