149 & 150

973 118 0
                                    

Chapter 149
Sue Xing NwayApril 21, 2023
Chapter 149







"Prison on fire" မှာ ရှုထျန်းယုနှင့် ဟန်သုံတို့ထံမှ chip ပြားကို မြွေဂိုဏ်းက လိုက်လံလုယက်‌သည့်အခန်း ဖြစ်သည်။ သူတို့က ကားထဲသို့ မူးယစ်ဆေး အမြောက်အများကို တမင်တကာ ခိုးထည့်ကာ ရဲကို သတင်းပေးလိုက်သည်။ ဤသို့ဖြင့် နှစ်ယောက်လုံး ထောင်ထဲရောက်သွားပါလျှင် သူတို့ပြဿနာကို ကူညီဖြေရှင်းပေးမည့် ထောင်သားများ ဖြစ်သွားတော့မည်ဖြစ်သည်။ ထိုအခါ chip ပြားကို ပြန်သိမ်းနိုင်မည် ဖြစ်ပြီး ထိုသူများလည်း သေဆုံးကာ ပြဿနာ ရှိတော့မည် မဟုတ်ချေ။

ဟန်သုံက အချိုရည်ဝယ်ရန် အလို့ငှာ လမ်းတစ်ဝက်တွင် ကားပေါ်မှ ဆင်းလိုက်ပြီး သီချင်းနားထောင်ရင်း ကားထဲ ကျန်နေခဲ့သည့် ရှောင်ကျားရှုမှာမူ ထိုနေရာတွင်ပင် ရဲတို့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရတော့သည်။ အခြေအနေ မဟန်ကြောင်း တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ဟန်သုံက ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်ရင်း ရှုထျန်းယုကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားလိုက်တော့သည်။ အကြောင်းမှာ ရှုထျန်းယုသာ ထောင်ထဲ ရောက်သွားပါလျှင် တစ်ရက်တည်းပင် ဖြစ်နေပါစေ မြွေဂိုဏ်းမှ ငှားရမ်းထားသည့် ထောင်သားတို့၏ လက်ချက်ဖြင့်  အသက်ဆုံးရမည်ဖြစ်ကြောင်း သိနေ၍ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ထောင်ထဲ မသွားလိုပါလျှင် ငွေအမြောက်အများ ပုံအောပေးရန် လိုအပ်ပြီး ဟန်သုံမှာ ခြူးတစ်ပြားမျှပင် မရှိချေ။ ထို့ကြောင့် တရုတ်ပြည်ရှိ အဖေရှုကို ဆက်သွယ်လိုက်ရတော့၏။ ယခင်အ‌ကြိမ်ကဲ့သို့ပင် အဖေရှုက ငြင်းဆန်လိုက်သည်။ အမေရိကန်ဒေါ်လာ သန်းခုနစ်ဆယ်မှာ ယွမ်သန်းငါးရာနှင့် ညီမျှရာ အလတ်စားစီးပွားရေးလုပ်ငန်းတစ်ခုကိုပင် ဝယ်ယူနိုင်လောက်သည့် ပမာဏ ဖြစ်ပေသည်။ ရှုထျန်းယုက ထောင်ထဲရောက်ရန် သေချာလုနီးပါး ဖြစ်နေသော်ငြား လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုတို့ကိုလည်း ဆောင်ရွက်ထားခဲ့ပေသည်။

ထောင်ထဲ မရောက်မီ ဟန်သုံအား သူ့ကို ကြောက်စရာကောင်းသည်ဟု ထင်ရလောက်သည့် တက်တူးမျိုး ထိုးပေးရန် ပြောခဲ့သည်။ သို့သော် တက်တူးဆရာက သူ့ကို အပ်ဖြင့် ထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ဝက်တစ်ကောင်နှယ် စူးစူးဝါးဝါး အော်ဟစ်ခဲ့သဖြင့် ဆေးကြော၍ မရနိုင်တော့သည့် မင်ဖြင့် ‌တက်တူးထိုးခြင်းကိုသာ သည်းခံနိုင်‌ပေသည်။ ကံမကောင်းစွာပင် တက်တူးဆရာထံ၌လည်း ရေစိုခံဆေး ကုန်နေခဲ့၏။ သို့သော် ဆူဖြိုးလှသည့် သိုးနှစ်ကောင်ကို အလွတ်မပေးလိုသူက သူတို့ကို အရူးလုပ်ကာ သာမန်ဆေးရည်တို့ အစားထိုးပြီး သုံးပေးလိုက်တော့သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now