138

947 120 3
                                    

Chapter 138
Sue Xing NwayApril 17, 2023
Chapter 138







နောက်နားမှ ခြေသံတို့ကို ကြားလိုက်ရသည့်အခါ ကျိမြန်က လှည့်ကာ မေးလိုက်သည်။

"ရှောင်ရှု မင်းက ဒါကို ဝတ်ရမှာလား ..."

ရှောင်ကျားရှုက ကျောက်ချွမ်ကိုတစ်လှည့် စတိုင်လစ်ကိုတစ်လှည့် လှမ်းကြည့်လိုက်သည်။ စတိုင်လစ်မှာ အလွန်ဇွဲကောင်းလှသူဖြစ်ကာ ချူသံပါအောင် ညဉ်းညူပြလိုက်တော့သည်။

"အိုး သခင်လေးရှောင်ရဲ့ ကိုယ်လုံးကိုယ်ပေါက်က ဒီလောက်တောင်မိုက်တာ အသားလေး နည်းနည်းပေါ်လို့လည်း ကိစ္စမရှိပါဘူး စတိုင်ကျပြီး ဆွဲဆောင်မှုတောင် ရှိသွားသေးတယ် ပြီးတော့ ရှုထျန်းယုရဲ့ စတိုင်နဲ့လည်း တစ်ထပ်တည်းပဲလေ ကြည့်ရုံပဲ ကြည့်‌မနေနဲ့ ဝတ်ကြည့်လိုက်ပါဦး အဆင်မပြေတော့လည်း ပြန်လဲကြတာပေါ့ ..."

စတိုင်လစ်က အင်္ကျီကိုယူကာ ရှောင်ကျားရှုအား ဝင်းလက်တောက်ပနေသည့် အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်သည်။ သူသည် ဂေးတစ်ယောက် ဖြစ်သည့်အပြင် သခင်လေးရှောင်နှင့် နတ်ဘုရားကျိတို့ကို လိုချင်တပ်မက်သူ ဖြစ်ရာ မျက်စိအစာကျွေးနိုင်မည့် အခွင့်အရေးမျိုးကို လုံးဝ လက်လွှတ်မည် မဟုတ်ချေ။

"ရှောင်လေး လာပါ လာပါ ဒါကို အရင် စမ်းဝတ်ကြည့်လိုက် ..."

လက်ခလယ်နှင့် လက်ညှိုးကို ပူးကာ ကျန်လက်များကိူ ဆန့်ထားလျက် တိုက်တွန်းလိုက်သည်။

ရှောင်ကျားရှုကမူ တုန့်ဆိုင်းနေသေးဟန်ပင်။

"တစ်ခြားဝတ်စုံတွေရော ရှိသေးလား ..."

"မရှိဘူး ဒါ အကုန်ပဲ ..."

စတိုင်လစ်က ပါးစပ်ကို အုပ်လျက် ရယ်လိုက်သည်။

ဒါပေမယ့် ပြောတော့ကျ အဆင်မပြေရင် လဲကြတာ‌ပေါ့ဆို ဒါက သေချာပေါက်ကို အကြပ်ကိုင်တာပဲကွ ...

ရှောင်ကျားရှုက ဒေါသတကြီးဖြင့် အံကို တင်းတင်းကြိတ်ထားလိုက်သော်လည်း ကျိမြန်က သူ့ကို အသာအယာ တွန်းပို့လိုက်သည်။

ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)Where stories live. Discover now