Chapter 63
ကျိကောက ဘာလို့ ဒီလိုကြီး ဆုံးဖြတ်လိုက်တာလဲ ဘယ်ဟာကများ သူ့ကို စိတ်ပြောင်းဖို့ တွန်းအားပေးလိုက်တာလဲ ထပ်ပြီး ဂရုမစိုက်တော့ဘူးလို့ ပြောတာ သူ့အတွက် ငါက အရေးမကြီးတော့လို့လား ...
လင်းလဲ့ယန်မှာ တွေးလေလေ ပိုပြီး စိတ်ပူပန်လာမိလေဖြစ်သည်။ နဖူးကို တံခါးနှင့်ကပ်ထားသည်မှာ ပြင်းပြင်းထန်ထန် တိုက်ချလိုက်ချင်သည့်နှယ်။
တံခါးအတွင်းဘက်ရှိ ကျိမြန်မှာမူ ပို၍ပင် စိတ်ပျက်နေသေးသည်။
ဒါလည်း မဟုတ်ဘူး ဒီဟာဆိုလည်း မမှန်သေးဘူး သူ့မှာ လူတွေရဲ့ အတွေးကို မြင်ရတဲ့စွမ်းရည် ရှိတော့ရော ဘာထူးလဲ လင်းလဲ့ယန် တကယ်လိုချင်တာက ဘာဆိုတာကိုတောင် မသိသေးဘူးလေ ...
တစ်ဖြည်းဖြည်း လေးနာရီထိုးလာချိန်တွင် ဥရောပမှ ပြန်ရောက်လာကာစ ရှောင်တင်းပန်းက ဒရိုင်ဘာကို ပြောလိုက်သည်။
"အိမ်မပြန်ဘူး ချန်းယွဲ့ဟော်တယ်ကို အရင်သွားမယ် ငါမှတ်မိသလောက်ဆို ဒီနေ့က ရှောင်ရှုနဲ့ စာချုပ်လက်မှတ်ထိုးရမယ့်နေ့ မဟုတ်လား ..."
"ဟုတ်ကဲ့ပါ ..."
ကားမောင်းသူက ချန်းယွဲ့ရေပူစမ်း အပန်းဖြေဟော်တယ်သို့ လမ်းကြောင်းပြောင်းလိုက်သည်။
သူ့ဘေးတွင် ထိုင်နေသည့် အတွင်းရေးမှူးအမျိုးသမီးက တစ်ခုခုပြောမည် ပြင်လိုက်သော်လည်း အဆုံးတွင်တော့ ဘာမှ မပြောဖြစ်တော့။
ဖိတ်ကြားထားသည့် သတင်းထောက်များအားလုံး ရောက်နှင့်နေကြပြီဖြစ်ကာ ၎င်းတို့နောက်တွင်တော့ ရွမ်လင်ယီနှင့်အတူ အပန်းဖြေစခန်း၏ စီမံခန့်ခွဲရေးအပိုင်းမှ အကြီးတန်းအရာရှိတစ်ဦး အတူတူ ရောက်ရှိလာတော့သည်။ ရယ်ကာမောကာဖြင့် အတူတူ ဝင်လာကြပုံမှာ အလွန် သဟဇာတဖြစ်နေသည့်နှယ်။ အကြီးအကဲများ ဝန်းရံကာ ဝင်လာသော ချောမောခန့်ညားသည့် လူငယ်လေးက ရွမ်လင်ယီအတွက် ထိုင်ခုံတစ်ခုံ ဆွဲထုတ်ပေးကာ မိုက်ခရိုဖုန်းကိုပါ သူမအရပ်နှင့် အဆင်ပြေအောင် ချိန်ညှိပေးပြီးကာမှ ဘေးတွင် ဝင်ထိုင်လိုက်သည်။
CZYTASZ
ကိုယ် မင်းကို ဘယ်လိုဖွင့်ပြောရမလဲ (ရှောင်ကျားရှု) BL (IQ Team ကစာစဥ်တစ်ခုပါ)
FantasyHow to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။ သို့သော် အချို့မှာမူ စတင်တွေ့ဆုံစဉ်က သဘောကျမိသည့်တိုင် သိလေလေ ပိုပြီး နားလည်ရခက်သည်ဟ...