"Menu please!!!!"

အကိုက အရင်ဆုံး menu chartလှမ်းတောင်းလိုက်သည်။ အရှေ့ကစားပွဲဝိုင်းမှာတော့ ဝိုင်ခွက်လေးတွေချထားပြီး လက်ကိုင်ပဝါနှင့် ဇွန်းခရင်းအစီအရီချထား၏။ လူလည်းအများကြီးမရှိသည့်အပြင် ဆိုင်ရဲ့ပုံစံက အတော်လေး Luxury ဆန်သည်။ ဆိုင်ထဲ၌foreignerအချို့ပင် စားသောက်နေကျသေး၏။

ရတုတို့သူငယ်ချင်းလေးယောက်ကတော့ ကျောက်ရုပ်ပမာမလှုပ်မယှက်နဲ့ထိုင်နေကျသည့်။ စကားများသည့်ရှင်းသန့်တောင် အသံတိတ်နေသည်မှာ ထူးဆန်းနေ၏။  အကိုကတော့မောင့်ဘေးနားမှာထိုင်ထားပြီး ခုံကိုပင် အနည်းငယ် ရတုဘက်တိုးထားလေသည်။

"မောင်.....menuကြည့်ပြီးကြိုက်တာစားနော် "

ရတုရှေ့menuလေးထိုးပေးတော့ ရတုသူငယ်ချင်းသုံးယောက်ထံ အကြည့်ချက်ချင်းရောက်သွား၏။ အကိုကတခါမျှ သူ့ကိုသူငယ်ချင်းတွေရှေ့ "မောင်"လို့မခေါ်ဖူးသေး။ ကျန်တဲ့ သုံးယောက်က အကိုထိုသို့ခေါ်တော့ ပြုံးစိစိနှင့်ပင်ကြည့်နေလေတော့သည်။

"ဟုတ်..အကို"

"ရော့ ညီတို့...ကြိုက်တာစားနော် အကိုကျွေးမှာမို့...အားမနာနဲ့"

အကိုကအလိုက်သိစွာ ရတုသူငယ်ချင်းများကိုပင် မေးသေးသည်။ ရတုလည်းmenu chartကိုကြည့်နေရင်း ဘာမှာလို့မှာရမှန်းမသိဖြစ်နေလေ၏။

"မောင်....ဒီဆိုင်ကpastaနဲ့steakကောင်းတယ် မောင်ရွေးရခက်နေရင် အကို အကုန်မှာလိုက်ရမလား စမ်းစားကြည့်ပေါ့ ..."

ရတုနားကို အကိုကပ်ပြောတော့ အကို့ ဆီက ပူရှိန်းနံ့ သင်းသင်းကိုရသည်။ အကိုက အသန့်ကြိုက်ပုံပေါ်ကာ အမြဲလိုပင်ကျော့ရှင်းနေလေ၏။ ယခုလည်း Polo shirt နှင့် Pantလေးတွဲဝတ်ထားကာ  ခန့်ညားထည်ဝါမှုအပြည့်နှင့် အကို့ပုံစံသည် ရတုတွက် ငေးကြည့်နေချင်စရာကောင်းနေလေ၏။

"မောင်....ဘာတွေစဉ်းစားနေတာလဲ"

အကိုစကားထပ်ဆိုလာမှ ရတုတွေးလတ်စကိုရပ်လိုက်သည်။

"ဗျာ...ဟုတ်....အကုန်မမှာပါနဲ့အကို ....ဈေးတွေက dollarနဲ့ရှင်းရတာမလား ကျွန်တော်နှမျောလို့"

ရူးWhere stories live. Discover now