A night with Ex-husband

ابدأ من البداية
                                    

ဘက်ခဟျွန်းသူ့ကို ချောက်ချတော့မယ်လို့ မျှော်လင့်ထားတဲ့ ချန်းယောလ်က အံ့သြသွားတယ်

"အိုခေ ရော့ ဒီမှာစောင်၊ ငါ ဂျူတီချိန်ပြည့်ပြီမို့ မနက်ကျမှ ဆက်ပြောမယ်၊ ကျေအေးမယ် မကျေအေးမယ်ကတော့ ငါ့အဘိုးပေါ်မှာ မူတည်တယ်"

"ဟာ မင်းအဘိုးက ဆုံးသွားပြီကို"

"ညကျ အိမ်မက်ထဲမှာ တွေ့ပြီး မေးကြည့်လိုက်မယ် လျှာမရှည်နဲ့"

"ဝဲ ဒီလိုကြီးတကယ် ထုတ်မပေးတော့ဘူးလား"

"ဆူဟိုရ သူ့ကို သတင်းပေးတဲ့သူက ငါလေ ၊ ငါ့ကို တော့ ထည့်မထားသင့်ဘူးမလား"

ဘက်ခဟျွန်းက သူပါအတူတူ တကယ်နေရတော့မယ်ဆိုတော့ လန့်လာတာမို့ ကိုယ်လွတ်ရုန်းသည်

"မင်းကိုက သတင်းထိန်ချန်ထားမှုနဲ့ ဖမ်းတာ၊ ဒါပဲ ငါသွားပြီ"

စောင်ပါးနှစ်ထည်ကို အခန်းထဲ လှမ်းပစ်ထားခဲ့ပြီး တာတာ့ပြကာ ထွက်သားတဲ့ဆူဟို

ကျန်တဲ့သူတွေကလည်း သူတို့နှစ်ယောက်ကို ရှိတယ်လို့တောင်မထင်

"ငါ မင်းကြောင့် ညစာ တောင်မစားလိုက်ရဘူးမလား"

အော် ဒီအခြေအနေမှာတောင် အစားအသောက်ကိုစဉ်စားနိုင်သေးတဲ့ သူ့အမျိုးသားပါပဲ

Wait ...what?

ငါ အခု တကယ်ကြီး ငါ့အမျိုးသားလို့ စဉ်းစားလိုက်မိတာလား

"ဦး​​လေးချွမ် ကျွန်​တော် ဗိုက်ဆာလို့ ​ခေါက်ဆွဲပြုတ်​​​လေး တစ်ဘူး​လောက်"

"​ဟေ ​အေး​အေး၊ ​နေအုံး ပြုတ်ပြီး လာပို့​ပေးမယ်၊ ချန်း​ယောလ် မင်း​ရော စားမှာလား"

ကင်း​စောင့်တာဝန်ကျ ဦး​​လေးက လှမ်း​အော်သည်။

"​နေပါ​စေ ငတ်​နေတဲ့သူကိုသာ ​ကျွေးလိုက်ပါ"

​ခေါက်ဆွဲကို သပ်သပ်မဲ့ တရှူးရှူးမြည်​အောင်မှုတ်စားပြ​နေတဲ့ ဘက်ခဟျွန်း

ဘက်ခဟျွန်းကို ကျောပေးပြီး သူထိုင်နေလိုက်သည်

သားတစ်ယောက်လုံး အိမ်ပြန်မလာတောင် မေမေနဲ့ဖေဖေက သူ့ကို မစုံစမ်းကြဘူးလား

Bittersweetحيث تعيش القصص. اكتشف الآن