"အဲ့တာမင်းကတော် သွားလုပ်လို့အဲ့နေရာကြီးပြိုကျသွားပါတယ်
အခုပဲအိမ်တော်ထိန်းကြီးဖုန်းဆက်လာလို့ပါ"

"သူဘာဖြစ်သွားလဲ!"

"ဘာမှတော့မဖြစ်ပါဘူး...မှာလိုက်တာတော့ရှိတယ်"

"ဘာတဲ့လဲ"

"ပြန်လာရင် ကိတ်မုန့်၀ယ်ခဲ့ပေးပါတဲ့"

"...."

မင်းကတော်မွှေမဲ့အမွှေတွေအတွက်တော့ မြို့အုပ်၀မ်ဘာမှတောင်
စိတ်မဆိုးသွားတဲ့အပြင် ခုံပေါ်မှာပြန်ထိုင်ပြီး တစ်ဖက်လှည့်လို့
ဘာတွေးမလဲတော့မသိ ပြုံးတောင်ပြုံးနေလိုက်သေးတယ်
ကျင်းရန်တောင်ကြောင်ကြည့်နေရပါသေးတယ်။

"အမွှေစိန်လေး...."

"ဗျာ..မြို့အုပ်၀မ်ဘာပြောတာလဲဗျ"

"ဟမ်...မင်းမသွားသေးဘူးလား"

"သွားမှာပါဗျ"

မြို့အုပ်၀မ်နာရီကြည့်လိုက်တော့ အခုမှ၉နာရီပဲရှိသေးတယ်
ရှောင်ကျန့်ကလည်းမလာဘူး...ပြန်လိုက်ရင်ကောင်းမလား....
မြို့အုပ်ရုံးကိုနေရာရွှေ့လို့ရရင်သိပ်ကောင်းမှာပဲ..။

မြို့အုပ်၀မ်ချက်ချင်းပဲ ၀မ်ဖိုးဖိုးကိုဖုန်းကောက်ဆက်လိုက်လေတယ်။

"အဖိုး ကျွန်တော်ပြောစရာရှိတယ် အဖိုးလက်ခံပါ့မလားမသိဘူး"

"ဘာကိုလဲ"

"မြို့အုပ်ရုံးကို အိမ်တော်နားအထိပြောင်းဖို့ပါ"

"အဲ့တာကို ရုတ်တရက်ကြီးဘာလို့လဲ"

"အဖိုးသဘောတူပေးပါ"

"မဟုတ်သေးဘူးလေ ဘာလို့ပြောင်းချင်ရတာလဲ အဲ့တာကိုပဲသိချင်နေတာ"

"ကျွန်တော့်ယောကျာ်းနဲ့မတွေ့ရလို့..."

"ဟ...မင်းယောကျာ်းနဲ့မတွေ့ရတာနဲ့ပဲ အစိုးရကလုပ်ပေးထားတဲ့
မြို့အုပ်ရုံးကိုဘယ်လိုလုပ်ပြောင်းလို့ရမှာလဲ.!"

"...."

"မိုက်ရူးရဲဆန်တာနဲ့မလုပ်ချင်စမ်းပါနဲ့ ငါ့မြေးရယ်...အဲ့မြို့အုပ်ရုံးကြီးကလေ ဟိုး...အဖိုးရဲ့အဖိုးလက်ထက်ထဲကရှိနေခဲ့တာမလို့..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now