မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Start from the beginning
                                    

စက္ကန့်သုံးဆယ်ခန့် ငြိမ်သက်နေပြီးသည့်နောက်တွင် ဘေးနားမှ လန့်ကန်းသစ်ပင်က ရုတ်ချည်းလှုပ်ရှားလာသည်။ ၎င်း၏ သစ်ကိုင်းများ လှုပ်ခါသွားပြီး နွယ်ပင်နှစ်ပင်က သစ်သီးအနည်းငယ်ကို ခူးဆွတ်ပြီး ကျွမ်းချင်၏ရှေ့တွင် လာပေးလိုက်သည်။

ကျွမ်းချင် ခဏတာကြောင်အစွာ ကြည့်နေပြီးမှ လက်ဆန့်ထုတ်ပြီး ယူလိုက်သည်။ သစ်သီးအချို့က သူ့လက်ဖဝါးပေါ် ပြုတ်ကျလာသည်။ ၎င်းတို့က ရေခဲတမျှအေးစက်နေပြီး ချိုမြမြရနံ့သင်းသင်း ထွက်ပေါ်နေသည်။ စီမံခန့်ခွဲရေးဗျူရိုတွင် နှစ်ရာပေါင်းများစွာနေထိုင်ခဲ့သော်လည်း သူ့ကိုသစ်ရွက်တစ်ရွက်ပင် မပေးခဲ့သော လန့်ကန်းသစ်ပင်ကို သူ စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်သည်။

" ‌ဘော့စ်ကတော့ တကယ်ကိုမိုက်တာပဲ လန့်ကန်းသစ်ပင်ကတောင် ဘော့စ်ကို အသီးတွေ အရင်လာပေးရတယ်လို့..."

" လန့်ကန်းသစ်ပင်က မျိုးနွယ်ခွဲခြားဆက်ဆံတာများလား..."

ကျွမ်းချင်က သူ့လက်ထဲမှ အသီးများကို တစ်ချက်ကြည့်ပြီးနောက် အသံတိုးတိုးဖြင့် ရယ်လိုက်သည်။ သူ  အတွေးလွန်နေသည်လား မသေချာသော်လည်း ထိုသစ်ပင် သူ့ကိုရင်းနှီးစွာ ဆက်ဆံနေသည်မှာ ဖူလီ့ကြောင့်ဟု ထင်နေမိသည်။ တစ်ဖက်သို့လှည့်လိုက်သည့်အခါ အားလုံးက သူ့လက်ထဲမှ အသီးများကို မျှော်လင့်တကြီးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။ အချိန်အတန်ကြာအောင် တွေးတောနေပြီးသည့်နောက် ကျွမ်းချင်က အသေးဆုံးအသီးကိုရွေးပြီး ချူးယွီလက်ထဲ ထိုးထည့်လိုက်သည်။

" ဒါကိုဝေစားလိုက်..."

ထို့နောက် အခြားလူများ၏ တုံ့ပြန်ချက်ကို ဂရုမစိုက်တော့ပဲ အသီးများကို သူ့ချမ့်ခွန်းအိတ်ထဲထည့်ကာ ထွက်သွားသည်။

" ငါတို့အကုန် ဒါလေးတစ်လုံးကို ခွဲစားရမှာလား..."

ချူးယွီက ကျူးယွီသစ်သီးကို မှင်သက်စွာကိုင်ထားပြီး ထိတ်လန့်မှုကြီးမှ ရုန်းမထွက်နိုင်ဖြစ်နေသည်။

စီမံခန့်ခွဲရေးဗျူရိုရဲ့ဘော့စ်ဖြစ်ပြီးတော့ အဲ့လောက်ကပ်စေးနဲတာ မရှက်ဘူးလား...

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now