မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Mulai dari awal
                                    

အမှန်တွင် သူ တစ်ယောက်တည်းသာမက အခြားသော မဟာမိစ္ဆာများလည်း အလေးအနက်မထားခဲ့ပေ။

ထိုကောလဟာလ ထွက်ပေါ်လာပြီး နှစ်ပေါင်း၅ထောင် ကြာသွားခဲ့သည်။ ထိုကောလဟာလအရ ယောင်သားရဲအသစ်  ပေါ်လာခဲ့မည်ဆိုပါက ဤမျှနှစ်ပေါင်းများစွာ ကြာပြီးသည်အထိ နာမည်မကြီးလာစရာ‌အကြောင်း မရှိပေ။

အကယ်၍ မဟာမိစ္ဆာများထက် အစွမ်းကြီးသော ယောင်သားရဲအသစ်က ဖူလီ‌ဖြစ်နေမည်ဆိုပါက ၎င်းက ယောင်လောကအတွက် ဟာသအဖြစ်ဆုံးအရာ ဖြစ်နေပေမည်။

ထိုသို့ဆိုလျှင် ကျွမ်းချင်ကသာ ယောင်လောက၏ ခေါင်းဆောင်အသစ်ဖြစ်ရန် ပို၍ ကောလဟာလ ထွက်သင့်ပေသည်။ သို့သော် လက်ရှိကျင့်ကြံရေးလောကမှာ တဖြည်းဖြည်းဆုတ်ယုတ်လာပြီဖြစ်၍ ဘော့စ်ဖြစ်နေခြင်းကလည်း ကြီးကျယ်ခမ်းနားသည့်ကိစ္စ မဟုတ်တော့ပေ။

.....

ဩဂုတ်လ ၁၀ရက်နေ့က ချင်းရှောင်ဂိုဏ်းချုပ်ကျောက်ရှို့က မဟာအသက် ၁၅၀နှစ်ပြည့်သည့်နေ့ဖြစ်သည်။ ကျောက်ရှို့က ကျင့်ကြံရေးလောကတွင် ထူးချွန်သည့် အရည်အချင်းရှိသော လူသားကျင့်ကြံသူတစ်ယောက်ဖြစ်ကာ ကိုယ်ကျင့်တရားကောင်းပြီး ဂုဏ်သိက္ခာရှိသူဖြစ်သည်။ လူသားကျင့်ကြံသူများက သူ့ကို အနေအထားတစ်ခုအထိ လေးစားကြရုံသာမက ယောင်ကျင့်ကြံသူများကပင် သူ့ကိုလေးစားရသည်။  သူ့မွေးနေ့မတိုင်မီ တတိယမြောက်နေ့တွင် ကျင့်ကြံသူဖိုရမ်၏ ပထမစာမျက်နှာ၌ သူ့အတွက် မွေးနေ့ဆုတောင်းစာများ တင်ထားပေးပြီးဖြစ်သည်။ ဖိုရိမ်တွင်လည်း ကျင့်ကြံရေးလောက၏ ဂျုနီယာအချို့က ချင်းရှောင်ဂိုဏ်း၏ ကျက်သရေရှိလှသော အောင်မြင်မှုအချို့ကို ချီးကျူးနေသည်။ ချင်းရှောင်ဂိုဏ်းက ၎င်းကို မဟန့်တားသည့်အပြင် သူတို့၏ တပည့်အချို့ကပါ   ခိုးကြောင်ခိုးဝှက်ဖြင့် ဂိုဏ်း၏ အသေးစားပြစ်ချက်များကို ထုတ်ဖော်ပြောကြားနေသည်။

အားလုံးပြောဆိုနေကြစဉ်တွင် မည်သည့်အကောင်ကြီးကြီးများက ကျောက်ရှို့၏ မွေးနေ့ပွဲကိုတက်ရောက်မည့်အကြောင်းများထံသို့ ခေါင်းစဉ်ပြောင်းသွားသည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းTempat cerita menjadi hidup. Temukan sekarang