( ၆) Zawgyi

12 0 0
                                    

မြကြိုင်တို့ရွာမှာ ဝါဆိုသင်္ကန်ကပ်ကြတော့ မြကြိုင်က ရေကုသိုလ်ယူတယ်။ ဆွမ်းကျွေးဖို့ အတွက် ချက်ပြုတ်ရာမှာ လိုအပ်တဲ့ရေကို မြကြိုင်က ရေတံပိုးလေးနဲ့ ထမ်းပြီး သယ်ပေးတယ်။ ပြီးတော့ အိုးခွက်တွေ ဆေးကြောဖို့ကိုလည်း ရေအဆင်သင့်ဖြစ်အောင် ဖြည့်ပေးထားတယ်။

မြကြိုင်တို့ ရွာမှာ လူပျို၊ အပျို အဖွဲ့ ရှိတယ်။ အဲဒီ အဖွဲ့က ဥပုသ်သည်တွေ ဆွမ်းကျွေးဖို့ အတွက် တာဝန်ယူကြပြီးတော့ ကူညီကုသိုလ်ယူကြတယ်။ မြကြိုင်က အဲဒီနေရမှာ သိပ်တော်တယ်။ အချက်အပြုတ်လည်း ဝါသနာပါလေတော့ မြကြိုင်တို့က ဒီလို အချိန်ဆိုရင် ထမင်းအိုးတွေနားက မခွာတော့ဘူးလေ။

ခဏအကြာမှာ ဥပုသ်သည်တွေ ကျောင်းပေါ်က ဆင်းလာတယ်။ မြကြိုင် အရင်ဆုံးရှာမိတာက
ဆရာ့ကိုပါပဲ။ လူအုပ်ထဲမှာ ဆရာ့ကို တွေ့လိုက်ရတဲ့ အခါ မြကြိုင်က ချက်ချင်းပဲ ဟင်းချိုင့်ကို ယူတယ်။

ဥပုသ်သည်တွေ ဆွမ်းစားဖို့ပြင်ဆင်တဲ့အခါ မြကြိုင်တို့က ဟင်းတွေ လျော့သွားရင် ဖြည့်ပေးကြတယ်။ မြကြိုင်က ဝက်သားချိုင့်ကို လက်ဦးအောင်ယူထားပြီး ဆွမ်းစားဆောင်ထဲကို တန်းဝင်သွားတယ်။

"ဆရာ ထည့်စားနော်"

မြကြိုင်ဟာ ကျောင်းဆရာလေးရှိတဲ့ စားပွဲနားမှာ အမြဲ ရှိတယ်။ ပြီးတော့ ‌ဟင်းလေး လျော့သွားတာနဲ့ အပြည့်ပြန်ဖြည့်ပေးတတ်တယ်။ အပြည့်ဖြည့်တာကိုတောင် ပန်းကန်မှာ ပြည့်လျှံတဲ့ အထိ ဖြည့်ပြီးမှ မြကြိုင်ဟာ အခြားစားပွဲဝိုင်းတွေဆီကို သွားဖြည့်တယ်။ အဲဒီလောက်ထိ  မြကြိုင်က စေတနာပိုပါတယ်။

"မစားသေးဘူးလား မြကြိုင်ရော"

မြကြိုင်က ရယ်ရယ်မောမောနဲ့ ခေါင်းခါပြတယ်။

"ကျုပ်တို့ နောက်မှ စားပါ့မယ်၊ ဆရာတို့ အရင်စားကြပါ၊ ဟင်းလိုရင်ပြောေ‌နာ်"

"ဟင်းလိုရင် ပြောနော်" လို့ ပြောတဲ့ စားပွဲဝိုင်းပေါ်မှာ ဟင်းတွေဟာ ပြည့်လို့လျှံလို့။ နုနု က ဟင်းရည် လိုက်ထည့်ပေးနေရင်ူက မြကြိုင်ကို ခိုးရယ်တယ်။ နုနု ရယ်လိုက်တာကို တစွန်းတစ မြင်လိုက်တဲ့ မြကြိုင်က နုနုကို မျက်စောင်းထိုးတယ်။

"မြကြိုင် အခြားစားပွဲတွေကိုလည်း ဟင်းဖြည့်ပေးနော်"

နုနုအသံကို ကြားတဲ့ မြကြိုင်က နုနု ကို မျက်နှာ အမူအရာနဲ့ ကြည့်လိုက်ပြီး အခြားစားပွဲတွေဆီရောက်သွားတယ်။ ကျောင်းဆရာကတော့ မြကြိုင်ကို ကြည့်ရင်း ပြုံးရယ်နေတယ်။

ဘုန်းကြီးကျောင်းထဲမှာ တရုတ်စကားပင်ကြီး တစ်ပင်ရှိတယ်။ အဲဒီ အပင်ကြီးက တော်တော်လေးကြီးပြီး အပင်ရဲ့ အောက်မှာ တရုတ်စံကားပွင့်တွေ ကြွေကျနေတယ်။ မြကြိုင်က အဲဒီ အပင်ကို သိပ်သဘောကျတယ်။  ဒါကြောင့်မလို့ ဘုန်းကြီးကျောင်းကို ရောက်ရင် အဲဒီ အပင်အောက်မှာ ထိုင်လေ့ရှိတယ်။ ဒီနေ့မှာလည်း မြကြိုင်က အဲဒီအပင်အောက်ကို ရောက်နေတယ်။ အပင်အောက်မှာ ထိုင်ရင်း ကြွေကျနေတဲ့ ပန်းပွင့်လေးတွေကို လိုက်ကောက်နေတယ်။ အဲဒီပန်းပွင့်လေးတွေထဲက အပွင့်လှလှလေးကို တွေ့တဲ့အခါ မြကြိုင်က ကောက်ယူလိုက်တယ်။ ပြီးတော့ နားကြားမှာ ညှပ်ပန်ဖို့ ပြင်လိုက်တယ်။

ရုတ်တရက် အနားကို လူတစ်ယောက်ရောက်လာသလို ခံစားမိတဲ့အခါ မြကြိုင်ရဲ့ လက်တွေက ရပ်သွားတယ်။

ကျောင်းဆရာလေးကို မြင်တဲ့အခါ မြကြိုင်က ဆက်ပန်ရမလား၊ မပန်ဘဲထားရမလားကို စဉ်းစားသွားရတယ်။ ဆရာဟာ သဘောပေါက်သွားတယ်နဲ့တူတယ်။ မြကြိုင်ကို ပြုံးရင်း ကြည့်လာတယ်။

"ပန်မလို့လား မြကြိုင်"

မြကိုင်ဟာ ရှက်ရယ်ကလေး ရယ်ပြမိတယ်။ ဆရာလေးက မြကြိုင်ကို ကြည့်ရင်း ပြုံးတယ်။ မြကြိုင် က ဆရာလေးကို မော့မကြည့်ရဲဘူး ။ မြကြိုင်မကြည့်ရဲတာကလည်း  ကျောင်းဆရာလးကို မြင်ရင် ရင်တွေ ခုန်လို့ပါ။

You've reached the end of published parts.

⏰ Last updated: Jan 02 ⏰

Add this story to your Library to get notified about new parts!

မြကြိုင် (Completed)Where stories live. Discover now