"Milan ကိုဘယ်လိုမြင်လဲ Sean"

Rediam က Beef steak ကို ဓါးနဲ့အသာလှီးဖြတ်ရင်း သူ့ကို မေးလိုက်သည်။ ရှောင်းကျန့်က Winter Wine ကို မော့သောက်လိုက်ရင်း

"သူက အိန္ဒြေကြီးလွန်းတယ်။ လွတ်လပ်ပွင့်လင်းတယ်လို့ မခံစားမိ‌ဘူး"

"အဲ့ဒါတော့ဟုတ်တယ်။ အမေရိကားနဲ့တော့ မတူဘူးပေါ့။ ဥရောပတိုက်သားတွေက ကိန်းကြီးခန်းကြီးနိုင်ကြတယ်လေ။ သူတို့ကလည်း အမေရိကန်တွေကို ခပ်ပေါ့ပေါ့တွေလို့မြင်ကြတာနော်"

အမေရိကန်-အီတလီကပြားမလေးဖြစ်တဲ့ Rediam က သူ့စကားသူသဘောကျစွာ ပြုံးရယ်နေသည်။ ရှောင်းကျန့်က ထိုင်နေရာမှ ထ လိုက်ပြီး မှန်ပြတင်းနားမှာရပ်လျက် မီလန်ရဲ့ညရှုခင်းကို ငေးကြည့်နေသည်။

ညက လှုပ်ရှားသွားလာနေသူတွေနဲ့ အသက်ဝင်နေတယ်ဆိုပေမယ့် မြင်ရ တွေ့ရသမျှက ပေါ့ပေါ့ပါးပါးမရှိဘဲ သတိအနေအထားကြီးလိုဖြစ်နေသည်လို့ ခံစားရသည်။ Rediam က သူ့အနားလာရပ်ရင်း သူ့ကို ဝိုင်ခွက်ကမ်းပေးသည်။

"Sean ဒီည အရမ်းငြိမ်နေတယ်။ စကားလည်းသိပ်မပြောဘူး"

"Sorry Rediam!"

"Sean က တို့အနားမှာရှိနေပေမယ့်လည်း တစ်ခါတစ်လေ ဝေးနေသလိုမျိုးခံစားရတယ်"

ရှောင်းကျန့်က ဝိုင်ခွက်ကို အနားက stand table ပေါ်တင်လိုက်ပြီး Rediam နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

"မင်း ကိုယ့်အပေါ် ခံစားချက်တွေမလေးနက်ရင်ကောင်းမယ် Rediam"

Rediam က ရယ်သည်။

"Sean လို အရာရာပြီးပြည့်စုံတဲ့လူမျိုးကို တို့က စိတ်ဝိညာဉ်ကင်းမဲ့နေသူလိုရှိနေရမှာလားကွယ်"

ရှောင်းကျန့်ရဲ့မျက်နှာက အလိုမကျသလို တည်တင်းသွားလေသည်။ Rediam က အသံထွက်ရယ်လိုက်ပြီး

"တို့က ဒီအတိုင်းပြောလိုက်တာပါကွာ။ Sean က တို့ကို အချိန်မရွေးပစ်ချသွားမှာပဲဆိုတာ တွေးထားပြီးသားပါ။ ဒီနေ့ကျ ပိုသေချာသွားတယ်"

Rediam က ရှောင်းကျန့်ရဲ့လည်တိုင်ကို တွယ်ဖက်လိုက်ပြီး နှုတ်ခမ်းတွေကိုထိကပ်လိုက်သည်။ ရှောင်းကျန့်က ခေါင်းကို ငဲ့ရှောင်လိုက်ပြီး Rediam ရဲ့လက်တွေကို ဆွဲဖယ်လိုက်သည်။

Liquor (ချစ်ဆိပ်ရည်)Onde histórias criam vida. Descubra agora