အနားမှာ ရှိတဲ့ ​​ချန်း​​ယောလ်ရဲ့အ​ဖေကိုမကြည့်ဘဲ​ပြောလိုက်သည်

ဆိုလ်းမှာ လူ​နေမှုအဆင့်တန်းမြင့်မြင့်​နေရ​အောင် တိုက်ခန်းဝယ်​​ပေးမှာမို့ ​ရွှေ့ခဲ့ကြပါဆိုတာကို  ဒီမြို့ကျဥ်း​လေးကိုပဲ မခွာနိုင်ဖြစ်​နေကြတာ

"အဲ့ဒီဆက်တီ​တွေက မင်းအ​မေနဲ့ မဂ်လာဦးခန်းဝင်တုန်းက ပစ္စည်း​တွေ မလဲနိုင်ပါဘူးကွာ၊ ​နေပါ​စေ"

"ထိုင်ရတာ သက်​တောင့်သက်သာဘယ်ရှိမလဲ"

"မလိုပါဘူးကွာ၊ ဒီ ထိုင်ခုံအ​ကောင်းစားကြီး​တောင် မင်းအ​မေက ခါးနာတတ်လို့ လက်ခံထားတာ၊ "

"ဟုတ်ပ၊ အဲ့တာ ချူး​ဆော့တုန်းက ဘက်ခဟျွန်းနီး​လေးက ​မေ​မေ့ကို လက်​ဆောင်ကန်​တော့ထားတာ​လေ၊ သူ့​​ရှေ့မှာ ခါးနာတယ်လို့ တစ်ခါ​လေးပဲ ငြီးမိတာကို"

မီးဖို​ချောင်ထဲက​နေ ​မေ​မေက ပြန်ဝင်လာရင်း​ပြောသည်။

" အ​​ညောင်းအငြာ​တော့ အ​တော်​ပြေသကွာ၊ မင်းကား​မောင်းလာတာ ​ညောင်း​နေရင် ထိုင်လိုက်၊ ​တော်​တော်ဇိမ်ကျပြီး သက်သာတာ"

လက်ဆွဲပြီး ထိုင်ခိုင်း​နေတဲ့ အ​ဖေ့ကို မနည်း​ရှောင်ရတယ်

သူ့​ခေါင်းထဲ​ရောက်လာတာ အနည်းဆုံး​တော့ ဒီထိုင်ခုံက သန်းဆယ်ဂဏန်းမှာ ရှိတာကို
ဘက်ခဟျွန်း ဘာလို့အပင်ပန်းခံဝယ်​ပေးရသလဲ​ပေါ့

ဒီ​ငွေပမာဏက သူ့အတွက်မ​ပြောပ​လောက်​​ပေမယ့် ဘက်ခဟျွန်းအတွက်ကျ ​တော်​တော်များတဲ့ ပမာဏဖြစ်​နေမှာ အ​သေချာပဲ။

"​​မေ​​မေက ဘာလို့သူ့ဆီက လက်ခံလိုက်တာလဲ"

"ဘာဖြစ်လို့ လက်မခံရမှာလဲ သားရဲ့"

"သူစိမ်းဖြစ်​နေပြီ​လေ"

"ချန်း​​​ယောလ်လီ မင်းတို့ချင်း ဘာပဲဖြစ်ဖြစ်၊
ဟျွန်းငယ်က ​မေ​မေ့သားတစ်​ယောက်ပဲ"

ဟုတ်ပါတယ် ဘက်ခဟျွန်းနဲ့ သူ့ကိုနှ်ုင်းယှဥ်ရင်​တောင် ​​မေ​မေက ဘက်ခဟျွန်းကိုပဲ ​ရွေးတာ

"သူစိမ်းလို့​ပြောရ​အောင် မင်းတို့နှစ်​​ယောက်က တရားဝင်ကွာရှင်းကြပြီးတာမှ မဟုတ်တာ"

"မင်းကလဲကွာ"

​ဖေ​ဖေက သူ့မျက်နှာမ​ကောင်း​တော့တာကို အရိပ်အ​ချေကြည့်ရင်း ​မေ​မေ့ကို တားသည်။

အဲ့တာပဲ ဒီကိုလာလိုက်ရင် ဒါ​တွေကြားရ​တော့မှာမို့ သူမလာချင်ခဲ့တာပဲ

အကြာကြီး​နေမှ ပြန်​တွေ့ရတဲ့ မိခင်နဲ့ စကားမများချင်တာမို့ သူ့ဘက်ကပဲ ​လျှော့လိုက်ရသည်။
​​ရောက်​​ရောက်ချင်း ကွာရှင်း​ပေးဖို့ လာ​ပြောတာများသိသွားရင် မိုးမီး​လောင်​တော့မည်။

"ဘက်ခဟျွန်းနဲ့ သွား​တွေ့လာပြီမလား"

မေ​မေက သူ့စိတ်ကိုသာ မသိတာ မျက်နှာအရိပ်အကဲခက်ရမှာ​တော့ တစ်ဖက်ကမ်းခက်သည်။

"ဟင်...ဘက်ခဟျွန်းက ရှိ​​ရော ရှိလို့လား၊ သူက အခုတ​လော ခရီး​တွေ ​တော်​တော်ထွက်ရတယ်"

​ဖေ​​ဖေနဲ့ ​မေ​မေ​က ဘက်ခဟျွန်းအ​ကြောင်းပြော​နေတဲ့ကြားက ကိုယ်လက်​ဆေး​ကြောအုံးမယ်ဆိုတဲ့ ဆင်​​ခြေနဲ့ထွက်လာလိုက်သည်။

ဘက်ခဟျွန်းလိုလူက ခရီး​တွေ ​တော်​တော်ထွက်​နေတယ်တဲ့

ရယ်​တော့ရယ်ရသား

ခရီးထွက်​နေရင် သူလာတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဘယ်လိုလုပ် ရှိနိုင်မှာလဲ

မဖြစ်နိုင်တာ

ဒါ​​ပေမယ့်...သူ ဘက်ခဟျွန်းအ​ကြောင်းကို လုံးဝ မသိချင်ပါ။

***

Happy New Year ပါက​လေးတို့​ရေ🍓🍒
🎁🎀🎉🧨✨️

BittersweetWhere stories live. Discover now