သူ ကင်​ဆော့ဂျင်​ရဲ့ဝိုင်းကို ပြန်​လာ​တော့ မြင်​လိုက်​ရတဲ့မြင်​ကွင်းက​သွေး​တောင်​တိုးချင်​ချင်​... လူကဖြင့်​ယိမ်းထိုး​နေပြီကို​နောက်​တစ်​ခွက်​ထပ်​သောက်​ဖို့ ပြင်​နေတာ​ကြောင့်​သူလည်းမ​နေသာ​တော့ဘဲ ခွက်​ကိုယူပြီး​ဘေးနားချလိုက်​သည်​။.....ဘယ်​လောက်​တောင်​သောက်​ထားလည်းမသိ...။

💙💙💙💙💙💙💙💙💙💙

သူအပြင်​ကို​ခေါ်ထုတ်​လာခဲ့​ပေမယ့်​ကားနား​တော့ မ​ရောက်​နိုင်​သေး.. အမူးသမားကိုမနည်းထိန်း​နေရသည်​ကင်​ဆော့ဂျင်​က အရက်​မူး​နေ​တော့ တစ်​မျိုး​လေးရယ်​....
အမြဲသူမြင်​နေကျ ခပ်​တည်​တည်​ခပ်​တင်းတင်းမျက်​နှာ​လေးမဟုတ်​တော့ဘဲ ဂျစ်​ကန်​ကန်​လေးပင်​....။

"ပြန်​ရ​အောင်​နော်​"

"ပြန်​သေးဘူး​ဂျောင်​မင်​နဲ့​သောက်​ဦးမှာ...​ဂျောင်​မင်​ဘယ်​မှာလဲလို့....​ဂျောင်​မင်​..."

"ထပ်​သောက်​လို့ မရ​တော့ဘူး​လေ အခု​တောင်​မနည်းထိန်း​ပေး​နေရတာကို...ပြီး​တော့ ခင်​ဗျား​သောက်​နိုင်​တာလဲမဟုတ်​ဘဲ.."

"ဘာကွ....မင်းကငါ့ကို စိန်​ခေါ်......."

"ဟာ...ကြည့်​လဲ​တော့မယ်​.."

​ဂျောင်​ကု​ဆော့ဂျင်​ကိုယ်​လေးကို ထိန်း​ပေးလိုက်​ရင်း အနီးကပ်​မြင်​နေရတဲ့ မျက်​နှာ​လေးကို ရွှန်းရွှန်းစားစား စိုက်​ကြည့်​နေလိုက်​သည်​။
သိပ်​ချောတာပဲ ခင်​ဗျားရယ်​....မူး​နေတာ​လေးကလည်း တစ်​မျိုးချစ်​စရာ​ကောင်း​နေပြန်တ​ယ်​။

"ဘာလို့ ကျွန်​တော့်​ကိုဆို အမြင်​မကြည်​ဖြစ်​နေရတာလဲ..."

သူ​လေသံတိုးတိုး​လေးဖြင့်​မျက်​နှာ​လေးကို​ငေးကြည့်ရင်း​မေးလိုက်​တော့ သူ့လက်​ထဲက​နေ ရုန်းထွက်​သွားပြီး...။

"ဖယ်​စမ်း... မင်းကဘာလဲ ....ငါ့ကို မူး​နေတယ်​ဆိုပြီး ရိတိတိလုပ်​မယ်​မကြံနဲ့ အ​သေသတ်​ပြစ်​မယ်​..."

​ဂျောင်​ကု သူ့ကို​ပေ​စောင်း​စောင်းကြည့်​ကာ ခြိမ်း​ခြောက်​နေတဲ့လူသားကို.....။

"အဟင်း......
ဟုတ်​ပါပြီ ဘာမှမလုပ်​ရဲပါဘူးဗျာ....ပြန်​ကြရ​အောင်​..."

💙💙💙💙💙💙💙💙💙💙

ကားနား​ရောက်​တော့ ကင်​ဆော့ဂျင်​တို့ တစ်​စခန်းထလာပြန်​သည်​။

"ငါ​မောင်းမှာ သူများ​မောင်းတဲ့ကား မစီးဘူး...."

"ဘယ်​ဖြစ်​မလဲ ခင်​ဗျားဒီ​လောက်​မူး​နေတာကို နှစ်​ယောက်​စလုံး ဒုက္ခ​ရောက်​ချင်​လို့လား..."

​ဂျောင်​ကု ကားထဲသို့မရမကထည့်​ပေးလိုက်​ပြီး ခါးပတ်​ပတ်​ပေးလိုက်​သည်​။

"ငြိမ်​ငြိမ်​နေ​တော့ ခန​နေဆို အိပ်​ပျော်​တော့မှာကို ကားက​မောင်းချင်​နေ​သေး"

​ဂျောင်​ကုသူလည်း ကားထဲဝင်​ထိုင်​လိုက်​ပြီး​မောင်းထွက်​လာလိုက်​တော့သည်​..။
ခဏအကြာ​ဘေးကိုလှည့်​ကြည့်​လိုက်​တော့​ဘေးကအမူးသမား​လေးက ပါးစပ်​လေးဟပြီး အိပ်​ပျော်​နေတာများ နှစ်​နှစ်​ခြိုက်​ခြိုက်​....

​ဘေးက​ဒေါသအိုး​လေးကို ခဏတိုင်းခိုးခိုးကြည့်ရင်း​မောင်းလာလိုက်တာ သူတို့ကားေ​လးခရီးတစ်​ဝက်​တော့ နင်းလာခဲ့ပြီ​နောက်​ထပ်​တစ်​နာရီ​လောက်​တော့စီးရဦးမည်​။

​ဘေးကအမူးသမား​လေးက​တော့ တစ်​ချက်​မှမနိုး စိတ်​ချလက်​ချ အိပ်​နေလိုက်​တာများ......
သူလည်း ကားကိုလမ်း​ဘေးခဏထိုးရပ်​လိုက်​ပြီး မျက်​နှာ​နုနု​လေးကို တစိမ့်​စိမ့်​ထိုင်​ကြည့်​နေမိသည်​။အစိတ်​အပိုင်းတစ်​ခုစီက အရမ်းလှတာပဲ။

နှုတ်​ခမ်းဖူးဖူး​လေးကိုကြည့်ပြီးလည်း တေ​တွး​တွေခဏတိုင်းမျိုချ​နေရသည်​။
စိတ်​မထိန်းနိုင်​တဲ့အဆုံး မျက်​နှာအနား​လေးကို တိုးကပ်​လိုက်​ကာ နှုတ်​ခမ်းဖူးဖူး​လေးကို ဖိကပ်​နမ်းရှိုက်​လိုက္ေတာ့သည်​။

"ခွင့်​လွှတ်​ပါ ခင်​ဗျားရယ်​"

💙💙💙💙💙💙💙💙💙💙💙💙💙💙{စည်း}

BUNCH {စည်း}Complete ✔️Where stories live. Discover now