မော်ကွန်း မောင့်ကိုစိတ်မချပိုင်ခွင့်မရှိသေးပေမယ့်  မောင့်ကိုတခြားသူတွေကြိုက်လာမှာကို စိုးသည်။ မောင်ကအရမ်းချစ်ဖို့ကောင်းတဲ့အပြင် အရမ်းလည်း ဆွဲဆောင်နိုင်သည်။ မောင့်ရဲ့ညှို့အားပြင်းတဲ့ညှို့ဓာတ်ကြောင့် တခြားသူတွေဆီကနေ မောင့်ကို ကြည့်လာမဲ့အကြည့်တွေကိုမော်ကွန်းမကြိုက်။ သူတစ်ထစ်ချယုံကြည်ထားသည်ကတော့ မော်ကွန်းပဲ မောင့်ကို ပိုင်ဆိုင်ခွင့်ရရမည်။မော်ကွန်းသာလျင် မောင့်ရဲ့ တစ်ဦးတည်းသော အုပ်ထိန်းသူဖြစ်ရမည်။ မောင့်ရဲ့အရာရာတိုင်းကို မော်ကွန်းသာလျင် ပိုင်စိုးခွင့်ရှိရမည်။ တခြားသူတွေကြည့်တာတောင်သူမကြိုက်။

"မောင်.....နောက်ဆုံးတန်းချိန်မပြီးခင် အကိုလာခဲ့မယ်နော် "

‌"ဟုတ် ....အကို "

"မောင်....."

အကိုကရတုကို ထိုသို့ခေါ်ရတာကိုပင်နှစ်သက်ပုံပေါ်သည်။ အကိုနဲ့တွေ့တိုင်း အကို့ပါးစပ်က မောင်လို့ခေါ်တာကို သူခဏခဏကြားရသည်။ ရတုလည်းကြိုက်သည်။ သူမောင်လို့အခေါ်ခံရတာကိုပင် စိတ်ထဲကနေ ကြိတ်ပျော်နေမိသည်။ ခဏခဏကြားချင်သည်။ အကို့ရဲ့ယျောကာ်းပီသတဲ့ အသံလေးနဲ့ မောင်လို့ခေါ်လိုက်တဲ့အချိန်တိုင်းမှာ ရတု နှလုံးသားလေးလျှပ်စီးလက်သွားသလိုပင်။

"ဗျာ....အကို"

အကိုကစကားတစ်ခုခုပြောချင်နေတာကိုပင်ဆက်မပြောဘဲ ရတုကိုဆက်တိုက်ထိုင်ကြည့်နေတော့ ရတုအနေခက်စွာ မျက်လွှာလေးအောက်ချလိုက်မိ၏။ ရတုအကို့အကြည့်ကိုမခံနိုင်။

"မောင့်ရဲ့ဘဝထဲ အကိုဝင်လာပြီနော် "

မော်ကွန်း မောင့်ကိုကြည့်တိုင်း သူမရ။ သူ့ရင်ထဲမှာဖြစ်နေတဲ့ခံစားချက်တွေကိုချုပ်မတီးနိုင်။

"ဗျာ....အကို....ကျွန်တော်...အတန်းချိန်နောက်ကျတော့မယ်"

ရတု ရှိန်းခနဲဖိန်းခနဲ ဖြစ်သွားသည်မှာအမှန်။ စကားအသွားအလာအရ အကိုပြောလိုက်တဲ့စကားက ဘယ်အခြေနေထိ ရောက်သွားမှန်း ရတုနားလည်သည်။ လူကလည်းရှက်စိတ်ကြောင့် အကို့ကိုဘာပြန်ပြောရမှန်းမသိသည့်အခြေအနေမို့ အတန်းထဲမြန်မြန်သွားချင်တာပဲရတုသိတော့သည်။

ရူးHikayelerin yaşadığı yer. Şimdi keşfedin