သေချာတွေးကြည့်ရင် လော့ကျန်းပေ့က အလုပ်သရဲဟုတင်စားရလိမ့်မည်၊ဒီလောက်ချစ်စရာကောင်းတဲ့သူနဲ့နေနေတာတောင် အလုပ်ကိုပဲ ဖိလုပ်နေတာကိုး၊

လော့ရှန်ဟွာပ မကျေနပ်ဖြစ်နေရင်း လော့ကျန်းပေ့ကိုယ်ကို မှီရင်း လော့ကျန်းပေ့အလုပ်လုပ်တာကို ကြည့်နေတော့သည်၊ဒါပေမယ့် တစ်အောင့်အကြာမှာတော့ လော့ရှန်ဟွာရဲ့ခေါင်းကို ငိုက်ငိုက်လာပြီးနောက်မှာ မျက်လုံးများမှေးစင်းကာ အိပ်ပျော်သွားတော့သည်၊

လော့ကျန်းပေ့က လော့ရှန်ဟွာကို အိပ်ယာထက်တင်ပေးလိုက်ပြီး နဖူးလေးကို ဖွဖွလေးနမ်းလိုက်တာ စောင်ကို လည်ပင်းနားထိခြုံပေးလိုက်သည်၊

ဒီကောင်လေးက သူ့ကို ကြောက်ပေမယ့် စကားကိုတော့ မြေဝယ်မကျ နားထောင်မဲ့လူမျိုးမဟုတ်ဘူးဆိုတာကိုလည်း လော့ကျန်းပေ့သိသည်၊လုပ်ချင်တာလုပ်ပြီးမှ ပြန်ပြောမဲ့ဟာလေးဆိုတာလည်း နားလည်သည်၊

အတော်ကို ပြောင်းလဲသွားတယ်ဆိုရပေမယ့် သူကတော့ ထိုအပြုအမူလေးတွေကအစ မြတ်နိုးလှသည်၊

လော့ကျန်းပေ့က လော့ရှန်ဟွာကို တရိပ်ရိပ်စိုက်ကြည့်နေပြီးနောက်မှာတော့ သူက သူ့ရဲ့စားပွဲဆီပြန်သွားကာ စောနကမပြီးပြတ်သေးတဲ့အလုပ်တွေကို ဆက်လုပ်နေတော့သည်၊

'ကလေးငယ်အနားနေဖို့ဆိုရင် လော့အိမ်တော်ကြီးရဲ့ခေါင်းဆောင်နေရာကို ရရှိဖို့လိုအပ်တယ်'

လော့ချင်းမုကြောင့် လော့အိမ်တော်က သိသွားခဲ့ရင် ကလေးငယ်သာ ပြဿနာတက်လာလိမ့်မည်၊သူ့လက်ထဲမှာ လုံလောက်တဲ့အင်အားရှိပေမယ့် အဘိုးသာဝင်ပါခဲ့ရင် ကိစ္စတွေက ပိုမိုရှုပ်ထွေးလာလိမ့်မည်၊

လော့ကျန်းပေ့က နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ကလေးငယ်ကို ကြည့်ရင်း သူ့ရဲ့ဂျက်ကျောက်လိုမျက်ဝန်းများက ဆုံးဖြတ်ချက်များ ပြတ်သားနေတော့သည်၊

လော့အိမ်တော် ဝင်ပါလာရင်တောင် ဝင်မစွတ်ဖက်နိုင်ဖို့ နှစ်နည်းသာရှိတော့သည်၊တစ်နည်းက ဆက်ခံသူနေရာအတွက် သေချာအောင်လုပ်ဖို့ဖြစ်ပြီး နောက်တစ်နည်းကတော့ သူတို့ထက် သာမှဖြစ်လိမ့်မည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now