"မင်းလည်းကိုယ့်ကိုကိုက်တာပဲလေ...."

"တစ်ခါထဲလေ အဲ့တာလက်စားပြန်ချေတာ..."

"အဲ့တာဆိုလည်း ကျန်တဲ့နှစ်ခါကို အခုချေမလား"

မြို့အုပ်၀မ်က သူ့မျက်နှာကိုစေ့စေ့ကြည့်ကာ ပြောလာသည်မို့
ရှောင်ကျန့်အကြည့်တွေကမြို့အုပ်၀မ်နူတ်ခမ်းစီရောက်သွားတယ်
နောက်မှမျက်လုံးကိုပြန်ကြည့်ရင်းနဲ့
ခေါင်းကိုတစ်ဖက်လှည့်လိုက်တော့ မြို့အုပ်၀မ်စီကနေရီသံခပ်တိုးတိုးကိုကြားလိုက်ရပါသေးတယ်။

"အိပ်တော့မှာ...နောက်မှလက်စားချေမှာ"

"အခုမချေချင်ဘူးလား"

"ကျန့်ကျန့် အိပ်တော့မှာ...နောက်မှချေတော့မယ်"

မြို့အုပ်၀မ်ဖယ်သွားဖို့အတွက် ရှောင်ကျန့်မှာထိုစကားကိုမနည်းရှာ
လိုက်ရသည် ဆေး‌သောက်တာမြို့အုပ်၀မ်ကိုမသိစေချင်ဘူး
ဒါကြောင့်မြို့အုပ်၀မ်နဲ့မတွေ့မိအောင်ရှောင်နေရတာ အမော။

-------
မြို့အုပ်ရုံးမှာထိုင်ပြီးအလုပ်လုပ်နေရပေမဲ့ မြို့အုပ်၀မ်စိတ်ထဲမှာ
အလုပ်လုပ်ချင်စိတ်ကိုမရှိပါ ပျက်ထားတဲ့နှစ်ရက်အတွက် စာရင်း
တွေက သူ့မျက်စိရှေ့မှာအပုံလိုက် ဟင်း...ရင်မောပါတယ်လေ
မြို့တစ်မြို့လုံးကိုအုပ်ချုပ်နေရဲ့အတွက် ဒီမြို့အုပ်နေရာကိုလိုချင်လို့ပညာတွေကြိုးစားခဲ့တာတွေကို၀န်ခံပါတယ် ဒါပေမဲ့နှစ်ရက်ပျက်မိလို့လားတော့မသိဘူး လုပ်ကိုမလုပ်ချင်ဘူး။ (ငါနဲ့တူတယ်ဟ)

*ကလင်...ကလင်*

ဖုန်းလာတာမို့ ကိုင်လိုက်တော့ အမျိုးသမီးတစ်ယောက်ရဲ့အသံ
ဘယ်ဟုတ်မလဲ သူ့အဒေါ်ဖြစ်နေတာပဲကို ။

"ဖုန်းမှားခေါ်မိတာအေ...အလုပ်တွေပျက်သွားရင်လည်း sorry"

"...."

"ငါ့ကိုကိုရဲ့ ဖုန်းကိုရှာမိတာ မင်းရဲ့ရုံးခန်းဖုန်းနံပါတ်နဲ့တူပြီး နောက်ဆုံးနံပါတ်ကွဲသွားတာ မှားနှိပ်မိသွားလို့ "

"...."

"ဟဲ့...ငါ့ရဲ့ ကိုကို ဆိုလို့ တစ်မျိုးမထင်နဲ့ မင်းဦးလေးကိုခေါ်တာ
ဒါပဲအေ ကိုကို့စီ ဖုန်းဆက်ရဦးမယ်"

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now