271 - 275

108 2 0
                                    

အခန်း ၂၇၁:  သားရဲ ဒီရေ

"သတိထားကြ”  လင်းရွှမ်က ကောင်လေးကို ပြောလိုက်သည် ။ ဤအခိုက်တွင် ရှည်လျားသောမြှားတစ်စင်းသည် လင်းရွှမ်၏မျက်နှာကိုဖြတ်၍ သူ့အနားရှိ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားသည်။

"ဘယ်သူလဲ “ လင်းရွှမ်၏ မျက်လုံးတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။

လူတစ်စုက တောအုပ်ထဲမှ ပြေးထွက်လာကြသည်။ သူတို့အားလုံးသည် ဓားရှည်များကို ကိုင်ဆောင်ထားကြပြီး အကျွမ်းတဝင် သိသူများ မဟုတ်ပေ။

လင်းရွမ်က မျက်မှောင်ကြုတ်လိုက်သည်။

စတုတ္ထအဆင့်တွင်မူ သူသည်
ပါရမီရှင်သုံးထောင်လုံးကို အကုန်သိသည်ဟု မပြောနိုင်သော်လည်း ၎င်းတို့ကိုတော့ မြင်ကိုမမြင်ဖူးချေ။ သို့သော် သူ့ရှေ့မှ  ဤဒါဇင်လောက်သော လူများကို သူ တစ်ခါမျှ မတွေ့ဖူးပေ။

"မင်းတို့က ဒီက ဒေသခံတွေလား”
လင်းရွှမ်က မသေချာမရေရာ မေးလိုက်သည်။

ရှေ့ကလူနှစ်ယောက်က တစ်ယောက်ကို
တစ်ယောက်ကြည့်နေပြီး လင်းရွှမ်ကိုကြည့်လိုက်ကာ ခေါင်းဆောင်ကို ” အကို ဒီကလေး ဦးနှောက်က တစ်ခုခုမှားနေပြီလား “

ခေါင်းဆောင်က စကားမပြောချေ။ သူက လင်းရွှမ်ကိုကြည့်ပြီး ဂုဏ်ယူစွာနဲ့ "မင်းသာ ဦးနှောက်ရှိတယ်ဆိုရင် မင်းခန္ဓာကိုယ်ပေါ် ကသိုလှောင်အိတ်ကို လွှဲပေးပြီး တိုက်ခိုက်ရမဲ့ဘေးကနေ ရှောင်လွဲလိုက်”

လင်းရွှမ် နဲ့မတွေ့ခင်လေးမှာပဲ သူတို့ကိုယ်သူတို့ မင်းသားတွေလို့ ခေါ်တဲ့လူတချို့နဲ့တွေ့ခဲ့ကြသည်။ ထို့နောက် လူအမြောက်အမြား ပေါ်လာပြီး သူတို့ဆီမှရတနာများကို လုယက်ကြသည်။ ထို ပါရမီရှင်တွေကို သူတို့ရတနာတွေကိုအပ်ပြီး ထွက်ပြေးခဲ့ကြရသည်။ ဒါကြောင့် သူတို့ မှာ ဒေါသတွေနှင့် ပြည့်နှက်နေသည်။

လင်းရွှမ်က သက်ပြင်းချပြီး "ဒီလူတွေနဲ့ စကားပြောရတာ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ"

“သူတို့ကို ရိုက်ပြီးမှ မေးဖို့ အကြံပေးချင်မိတယ်” ကောင်လေးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

ကောင်းကင်ရဲ့သားတော် ( လင်းရွှမ် ) စနစ်စာစဥ် book 1 (ရပ်နား)Where stories live. Discover now