နိုင်ထွန်းထွက်သွားတာနဲ့ ကျုပ်လည်း အိပ်ရေးဝအောင် ဆက်အိပ်နေလိုက်တယ်။ ကျုပ်နိုးလာတော့ နေ့လည်ဆယ်နာရီတောင်ခွဲပြီ။ ကျုပ်လည်း အိပ်ရာကနေလူးလဲထကာ ပေါင်ထိလိပ်တင်နေတဲ့ပုဆိုးကို အသေအချာပြန်ဝတ်ရင်း နောက်ဖေးပြေးရသည်။ ကျုပ်အကျင့်ကို သိတယ်မလား။ အိပ်ရာထတာနဲ့ ပထမဆုံးလုပ်ရတာက အပေါ့အရင်သွားတာပဲ။

" ဟေ့ကောင် နိုင်ထွန်း!!!.....၊ မင်း ဒီမှာ ဘာထိုင်လုပ်နေတာလဲ... မျက်နှာက ခွေးချီးပုံတက်နင်းမိထားတဲ့အတိုင်း ရွံ့မဲ့နေတာ.. "

" တေလွန်း... "

" ..... "

ကျုပ်လည်း သွားတိုက်နေရင်းနဲ့မှ အုတ်ကန်ဘောင်ပေါ်မှာ တွေတွေကြီးထိုင်နေတဲ့နိုင်ထွန်းကို 'ပြော'ဆိုတဲ့သဘောနဲ့ မေးငေါ့ပြလိုက်သည်။

" မမကေသီ.. မမကေသီ ငါ့ကို လုပ်ရက်တယ်ကွာ "

" ထွီ! နိုင်ထွန်း ငါ့ကို သေချာပြောစမ်းပါ... ဘာဖြစ်လာတာလဲဆိုတာ၊ အခုလို ချီးစားထားတဲ့မျက်နှာမျိုးကြီးနဲ့မပြောစမ်းပါနဲ့ "

ကျုပ်ရဲ့ပါးစပ်ထဲက သွားတိုက်ဆေးအမြှုပ်တွေကိုထွေးချပြီး နိုင်ထွန်းကိုမေးလိုက်သည်။

" လဒ !! _ီးတဲ့မှ ချီးစားထားတဲ့မျက်နှာပါလား...၊ ငါ ဒီမှာ တကယ်ခံစားနေရတာကွ "

" မနက်ကပဲ မင်းတို့ချိန်းတွေ့ကြတာမဟုတ်ဘူးလား.... "

" အေး ဟုတ်တယ်...၊ ဒါပေမဲ့ ငါ့ကို ချိန်းတာက နှစ်ယောက်တည်းတွေ့ဖို့မဟုတ်ဘူးကွ..၊ မမကေသီက ပြောတယ်.. ငါ့ကို တွဲတာက သူ့ကောင်လေးနဲ့အဆင်မပြေလို့ သူကောင်လေးသဝန်တိုအောင် ဒီတိုင်းတွဲပြတာတဲ့၊ အခု သူ့ကောင်လေးနဲ့ပြန်အဆင်ပြေသွားပြီတဲ့ကွာ..... "

" အဲ့တော့ မင်းကို ထားခဲ့တာပေါ့ "

" အေးလို့....၊ မမကေသီ လုပ်ရက်တယ်ကွာ... "

" လုပ်ရက်တယ်.. မလုပ်ရက်ဘူးတွေပြောမနေနဲ့တော့...၊ မင်းက မကေသီကို လက်ထပ်ဖို့အထိ စဥ်းစားထားလို့လား... "

" ဟင် "

ကျုပ်မေးလိုက်တဲ့စကားကြောင့် နိုင်ထွန်းက ကြေကွဲလူငယ်လုပ်နေရာမှ ကြောင်အသွားသည်။

စနေသားရဲ့ ဆင်ပေါက် / စေနသားရဲ့ ဆင်ပေါက် Where stories live. Discover now