t r e s / end

546 56 38
                                    

သူ့မျက်နှာကို ခဏလောက်ဖြစ်ဖြစ်တွေ့ခွင့်ရဖို့ဖြစ်ဖြစ် တရွေ့ရွေ့တရိပ်ရိပ် ပြေးလွှားခဲ့ရသည့်နောက်မှာ ဒီထက်သာ ပိုမပြေးနိုင်ခဲ့ရင်ဆိုပြီးတွေးရင်း သူပြုံးမိလိုက်၏ ။ ဘာလို့ဆို အဝေးကနေ ကြည့်ရင်တောင် တည်ငြိမ်တဲ့ကျောပြင်ကို သူရှာတွေ့သွားပြီမလို့လေ။

ကျွန်တော်နှင့်အဝေးကို ခေါ်ဆောင်သွားမည့်ဒီလေယာဉ်ကြီးရဲ့အနားမှာ ရပ်နေတဲ့သူသည် နည်းနည်းတော့အံ့ဩနေလောက်ပါမည်။ ထွက်သွားတော့မှာကိုတောင် အသိမပေးခဲ့ဘူးမဟုတ်လား။

"ကျွန်တော်က အစ်ကို့အတွက် အဲလောက်တောင်စိတ်အနှောင့်အယှက်ဖြစ်နေတာလား"

"ဟင်"

"သွားတော့မှာကိုတောင် မသိစေချင်တဲ့အထိ
ကျွန်တော်က အစ်ကို့အတွက် ဘာမှမဟုတ်တော့ဘူးလားလို့"

ကြောင်အသွားသောသူနှင့် မတည်မငြိမ်ဖြစ်နေသည့်သူ ပတ်ဝန်းကျင်က လူတွေကရော သူတို့ကိုစိတ်ဝင်စားနေလောက်မည်လား။ သေချာတာကတော့ အားလုံးဟာ ဒီအချိန်မှာ ကိုယ်သွားရမည့်ခရီးစဉ် အချိန်ညွှန်းတမ်းတွေကိုသာ အာရုံရောက်နေမည်ထင်သည်။

ဟီဆွန်းတစ်ယောက် မထင်မှတ်ထားစွာပင် သူ့ကိုအပြစ်တင်ချင်သဖွယ်ရှိနေသော ကောင်လေးအား ဘာပြန်ပြောရမှန်းမသိ။

"ဘာတွေဖြစ်လို့လဲ
မင်းကရော ဘာလို့ဒီရောက်နေတာလဲ"

ဂျယ်ယွန်း အသံကိုကြားလို့ ထိုနံဘေးကိုကြည့်လိုက်တော့မှ ဒယ်ဒီလည်း ဒီမှာရှိနေတာဖြစ်သည်။

"ကျွန်တော် အကူအညီတောင်းထားတာလေးရှိလို့ပါ"

သူဘာမှမပြောရသေးခင် ဟီဆွန်းက ဝင်ပြောပေးလေသည်။

တကယ်တော့ အရာအားလုံးက မိုးကို မြေ၊ မြေကို မိုး ဇောက်ထိုးလမ်းလျှောက်လာခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့နာရီပိုင်းလောက်အထိ မီဆူက သူ့ကို 'ဟီဆွန်း နင့်ကိုဘာမှမပြောထားဘူးလား သူအခုလေးတင်ပဲ သွားတော့မှာ'ဆိုသည့် မက်ဆေ့ခ်ျနှင့် အစချီခဲ့ချိန်အထိ ပုံမှန်ဖြစ်ခဲ့သည်။ ဟီဆွန်းကလည်း သူ့ကိုရှောင်နေခဲ့သလို သူကလည်း မဆက်သွယ်ခဲ့သလို အတော်ကြာအားလုံးပုံမှန်ရှိနေပေမဲ့ အရာရာကိုလွဲသွားအောင် မီဆူဟာ သူ့ကိုဘယ်လိုအကြောင်းကြောင့်နဲ့ ဒီလိုပြောခဲ့တာလဲ။

eres tan lindo Where stories live. Discover now