(Unicode)
"ရေသန့်ချပေးပါဦး"
"ဒီကို ဘီယာလေး ထပ်ဖြည့်ပေးပါ"
"ထမင်းဖြူတစ်လုံးလောက်"
ဆိုင်ခန်းသေးသေးလေးက မထင်ရက်လောက်စရာကောင်းအောင် စားသုံးသူတွေနဲ့ ပြည့်နှက်နေပြီး လူလွတ်သော စားပွဲဝိုင်းပင် မရှိတော့သလောက်ပင်။
ညနေခင်း ရုံးတွေကျောင်းတွေ ဆင်းချိန်မို့လည်း ပို၍ စည်ကားနေတာ ဖြစ်လောက်ပါသည်။
စားသုံးသူတွေ ပြည့်နှက်နေသည်နှင့်အမျှ ဆိုင်ရှိ လူသုံးယောက်ဟာလည်း လက်ပင် မလည်တော့။
"ထယ်ယောင်း.. ဒီဟင်းပွဲတွေ စားပွဲနံပါတ်သုံးကို သွားချပေးပါဦး၊ နိုရာ.. ကင်ချီကုန်ခါနီး ပန်းကန်တွေ လိုက်ဖြည့်ပေး"
စားဖိုမှူး တစ်ဖြစ်လည်း ဆိုင်ပိုင်ရှင်က ဟင်းပွဲများကို ကောင်တာပေါ် ချပေးရင်း ပါးစပ်မှလည်း အဆက်မပြတ်ညွှန်ကြားနေလေသည်။
ထယ်ယောင်းနှင့် နိုရာဟာလည်း လက်မလည်အောင်ကို ဟိုပြေးဒီပြေးနှင့် စားပွဲထိုးတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်နေကြ၏။
ညစာစားချိန်လွန်သွားတော့မှ စားသုံးသူတွေပါးသွားကာ သုံးယောက်သား ခဏတစ်ဖြုတ် အနားယူနိုင်တော့သည်။
"ငါ့သားလေးရော လာကူလို့ပေါ့ မဟုတ်ရင် အမေနဲ့ နိုရာနှစ်ယောက်တည်း လက်ကိုလည်မှာမဟုတ်ဘူး"
ထယ်ယောင်းထိုင်နေသည့်နားကို လာထိုင်ရင်း ပြောလာသော အမေဖြစ်သူ။ တစ်နည်းအားဖြင့် ဒီကိုရီးယားစားသောက်ဆိုင်လေး၏ ပိုင်ရှင်။
"အဲ့ဒါကြောင့် အမေ့ကို ပြောတာ၊ စားပွဲထိုးအကူခေါ်ပါဆို၊ အခုခေတ်မှာ အချိန်ပိုင်းအလုပ်လိုနေတဲ့သူတွေ ဘယ်လောက်များလိုက်လဲ"
"အလကား ပိုက်ဆံထွက်တာပေါ့အေ၊ အလုပ်သမားကို ပိုက်ဆံပေးရတာနဲ့တင် ရတဲ့အမြတ်နည်းသွားမှာပေါ့"
အလုပ်သမားခေါ်ဖို့ စကားစတိုင်း ဒီလိုပဲ ပြန်ပြောနေကျ အမေကြောင့် ထယ်ယောင်း ဘာမှဆက်မပြောတော့ဘဲ ခေါင်းတခါခါသာ လုပ်လိုက်မိသည်။
YOU ARE READING
Spring Romance
Fanfictionjeon jungkook x kim taehyung side couple - sung hanbin x zhang hao (zb1) Started Date ~ Jan 6 , 2024 Ended Date ~
