"​နေ့လယ်​က တစ်​ယောက်​နဲ့က အရမ်းရင်းနီး​တာပဲလား.."

​ဆော့ဂျင်​လှမ်း​နေတဲ့​ခြေလှမ်းကို ရပ်​လိုက်​ပြီး​နောက်​ကိုပြန်​လှည့်​ကြည့်​လိုက်​တော့​ဂျောင်​ကုက​အောက်​ကိုငုံ့ ကြည့်​နေရင်းမှ သူ့ကို​မော့ကြည့်​လာသည်​။

" ဘာကိုသိချင်လို့ေ​မးတာလဲ"

"ဒီအတိုင်း......သိချင်​လို့....."

"​နေပါဦး ငါ့ကိစ္စကိုသိချင်​ရ​အောင်​မင်းနဲ့ဘာဆိုင်​လို့လဲ.."

"အဟင်း....ဆိုင်​လာမှာ​လေဗျာ..​သေချာ​ပေါက်​ဆိုင်​လာမှာပဲကို....."

"မင်း.....မင်း စည်း​ကျော်​မလာနဲ့ ဂျွန်​ဂျောင်​ကု.. ငါ့ညီမ​ကြောင့်​မင်းနဲ့ပတ်​သတ်​ရဦး​တော့...မင်းနဲ့ငါ ဆိုင်​မလာဘူး..
​နောက်​ကို စကား​အ​ပြောအဆိုဆင်​ခြင်​.."

​ဆော့ဂျင်​သွားခါနီးမှ​နောက်​သို့ပြန်​လှည့်​လိုက်​ပြီး....

"ငါ့ကိစ္စ​တွေကို​မေးမြန်းတာမျိုး စပ်​စုတာမျိုးမလုပ်​နဲ့...မကြိုက်​ဘူး..."

​ထွက်​သွားတဲ့​ဆော့ဂျင်​ရဲ့​နောက်​ကြောပြင်​ကိုကြည့်​ရင်း...

"ဘာလို့အဲ့​လောက်​တောင်​ရန်​လို​နေရတာလဲ မာနကလည်းကြီးလိုက်​တာ"

💙💙💙💙💙💙💙💙

​ဆော့ဂျင်​အခန်းထဲပြန်​ရောက်​တော့ ဂျွန်​ဂျောင်​ကုအ​ကြောင်းကို​တွေး​နေမိသည်​။ သူ့ကိုကြည့်​တဲ့အကြည့်​တွေ အ​ပြောအဆိုအမူအယာ​တွေ ဘာတစ်​ခုမှမကြိုက်​ပါ။

သိပ်​ကိုရဲတင်းလွန်းသည်​သူဒီ​လောက်​မျက်​နှာသာမ​ပေးတာ​တောင်​ပမာမခန့်​နဲ့ မ​လေးမစားလုပ်​နေတာကို သူဘယ်​လိုမှ သ​ဘောမကျ...
ဘာလဲ သူ့ကိုအကဲစမ်း​နေတာလား ဒါမှမဟုတ်​"မီမီ့"အ​ဖြေက သူ့အ​ပေါ်မှာမူတည်​နေလို့ သူ့ကိုဒီလို​တွေ လာလုပ်​နေတာလား...​ဆော့ဂျင်​အ​တွေး​တွေကိုရပ်​လိုက်​ပြီး.....။

💙💙💙💙💙💙💙

မီမီိ"ကို​မေးရဦးမည်​။ ဒီရက်​တွေထဲ သူ "မီမီ"နဲ့စကားသိပ်​မ​ပြောဖြစ်​ပေ..ဂျွန်​ဂျောင်​ကုနဲ့ တစ်​ယောက်​ကိုတစ်​ယောက်​လေ့လာလို့ရ​အောင်​သူ​ရှောင်​ပေးတာမျိုး​တော့ မဟုတ်​ပေမယ့်​အကိုတစ်​ယောက်​အ​နေနဲ့ကျ.....
မီမီ"ကသူ့စကားနား​ထောင်​တဲ့သူဖြစ်​တာ​ကြောင့်​သူ့​မျက်​နှာရိပ်​မျက်​နှာကဲကြည့်​ပြီး ဆုံးဖြတ်​ချက်​မပြတ်​မသားဖြစ်​နေမှာကို သူစိုးရိမ်​မိသည်​။

မီမီ"သာ ဂျွန်​ဂျောင်​ကုကို သ​ဘောကျခဲ့ရင်​သူသ​ဘောတူရမှာမလား..
ဒါဖြင့်​ဂျွန်​ဂျောင်​ကုက​ရော. မီမီ့အ​ပေါ်.....

သူ​ဂျောင်​ကုနဲ့ စကား​ပြောဖို့လိုပြီ။

"​ယောကျာ်းချင်းပဲ ဒဲ့​မေးကြရတာ​ပေါ့...."

💙💙💙💙💙💙💙💙💙💙💙

BUNCH {စည်း}Complete ✔️Where stories live. Discover now