Part 22

4.9K 381 17
                                    

ငါးမျှားတံကြီးဆွဲလို့အောက်ထပ်ရောက်လာတဲ့သူ့ကိုဟိုတယ်ရဲ့
၀န်ထမ်းတွေကလိုက်ကြည့်နေကြသည် ။

"ဘာကြည့်တာလဲ"

"မြို့အုပ်...ဒီရာသီဥတုမျိုးနဲ့ဆိုတော့လေ..ဘယ်ငါးမှရှိမှာမဟုတ်ဘူးဗျ"

"....."

မြို့အုပ်၀မ်ကဒီလိုမျိုးနေရာမျိုးတွေကိုလာဖူးသူတော့မဟုတ်ပါဘူး
ဒါပေမဲ့လည်း ရှောင်ကျန့်ကိုကြည့်ရတာသိပ်ပျော်နေတာမဟုတ်
ဘူးဆိုတော့...တစ်ခုခုများလုပ်ပေးချင်စိတ်လေးရှိရုံပါပဲ။

"ငါးကင်ယူလာခဲ့...ငါတို့အခန်းစီသွားပို့ပေး"

"ဟုတ်ကဲ့ မြို့အုပ်"

ခြေလှမ်းတွေက အခန်းစီကိုပဲပြန်လည်ဦးတည်လိုက်သည် ငါးမျှားတံကြီးတကားကားနဲ့ ဘယ်ငါးမှရမှာမဟုတ်ဘူးဆိုတော့
လည်းရှက်ဖို့တော့ကောင်းသား...ဘာပဲဖြစ်ဖြစ် ရှောင်ကျန့်ကသူ့ကို
အကောင်းပဲမြင်နေတာပဲကို အခန်းထဲမပြန်မှီဟိုတယ်ဧည့်ခန်းထဲမှာပဲအလှချိတ်ထားတဲ့ပန်းချီကားတွေကိုခဏတစ်ဖြုတ်လိုက်ကြည့် နေလိုက်တယ် ပြီးတာနဲ့အခန်းစီပြန်လှည့်တော့သည်။

*ချောက်*

"ရှောင်ကျန့်...ကိုယ်တို့..."

*ဘုတ်*

လက်ထဲကငါးမျှားတံလေးကအောက်ကိုပစ်ချမိသွားပြီး မျက်တောင်
မခတ်စတမ်းအရှေ့ကိုကြည့်နေသည် ရှောင်ကျန့်...၀တ်ထားတာကြီးက....။

"မြို့အုပ်၀မ်!! အထဲ၀င်မလာနဲ့လေ...!!!သွား! အပြင်ထွက် နှာဗူးကြီး!"

"....."

"နှာဗူးကြီး!! သွားပါဆိုနေမှ!!!"

ရှောင်ကျန့်က ၀တ်ပြီးချွတ်လို့မရသော အကျီနဲ့မြို့အုပ်၀မ်ကိုပြန်လည်တွန်းထုတ်သည် မြို့အုပ်၀မ်ကထိုလက်တွေကိုကိုင်ကာ ရှောင်ကျန့်ကိုပဲအထဲကိုပြန်တွန်းလိုက်ပြီးတံခါးကိုခြေထောက်
နဲ့ပဲ‌ဆောင့်ပိတ်လိုက်သည်။

အစောတုန်းကမြို့အုပ်၀မ်ထွက်သွားပြီးတဲ့နောက် ရှောင်ကျန့်ထကာ
သူ့အဒေါ်ပေးတဲ့လက်ဆောင်ထဲကအနက်ရောင်ပါကင်ပိတ်ထား
တဲ့အထုတ်ကိုဖွင့်ကြည့်တော့ပါးလွှသောအဖြူရောင်အကျီပဲ အတွင်း၀တ်လို့ပဲထင်သည် ဒါပေမဲ့လည်းအတွင်း၀တ်လဲမဟုတ်ပြန်
တံဆိပ်ကိုလည်းကြည့်မိတော့လည်း made in Englandတဲ့လေ
နိုင်ငံခြားကနေ၀ယ်လာပေးတယ်ဆိုတော့လည်း ဘယ်သူ့မှမရှိတုန်း မြို့အုပ်၀မ်ကလည်းစောနကမှထွက်သွားတာဆိုတော့ ၀တ်ကြည့်လိုက်တယ် ရေချိုးခန်းထဲမှာ၀တ်ရမယ်‌ဆိုပေမဲ့လည်း
ခုနကမှမြို့အုပ်၀မ်ရေချိုးထားတာဆိုတော့ ရေတွေကကြမ်းပေါ်မှာ
ရှိနေဦးမှာ နင်းမိရင်အေးတယ် ဘယ်သူ့မှလည်းလာမှာမဟုတ်ဘူး
ဆိုတော့ခပ်မြန်မြန်ပဲ၀တ်ကြည့်လိုက်ပါဦးမယ်လေ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now