| 11 |

563 67 14
                                    


ရေချိုးခေါင်းလျှော်ထားသည်မို့ ဂယူဗင်း ခေါင်းကိုရေစင်အောင်သုတ်နေစဉ်... မှန်ထဲမှတဆင့် စပ်ဖျင်းဖျင်းဖြစ်လာသည့်သူ့နှုတ်ခမ်းဆီအကြည့်ရောက်သွားခဲ့သည်။

ထိုသို့အကြည့်ရောက်သွားသည်နှင့်တပြိုင်နက်.. ယူဂျင်းတို့အိမ်နားတွင် တစ်ယောက်ယောက်မြင်သွားမှာကိုစိုးရိမ်နေသည့်ကြားက မိနစ်ပိုင်းနီးပါး နမ်းခဲ့ကြသည်အားပြန်မြင်ယောင်လာကာ အလိုလိုပြုံးမိတော့သည်။

နှုတ်ခမ်းကဒဏ်ရာလေးမှာတော့ သူ့ဘက်ကတော်တော်နှင့်မရပ်တန့်နိုင်ခဲ့တာကြောင့် ယူဂျင်းဘက်ကရပ်ရန်အချက်ပြသည့်အ‌နေဖြင့်ကိုက်ခဲ့ခြင်းသာ။

ရင်ခုန်ခဲ့ရသည့်အချိန်လေးအားပြန်တွေးနေမိတုန်း တီခနဲဝင်လာသည့် msg notiသံလေးကြောင့် ဂယူဗင်းအကြည့်တွေက အိပ်ရာပေါ်မှာရှိနေသည့် ဖုန်းလေးထံရောက်သွားခဲ့တော့၏။

- ကိုကို အိပ်ပြီလား? -

ကုတင်ပေါ်တွင်ခဏထိုင်ကာ msgလေးအား replyပြန်ဖို့အလုပ် ၊ ဒုတိယမြောက် msgလေးကပါထပ်မံဝင်လာခဲ့လေသည်။

- မအိပ်သေးဘူးပဲ
ဒါဆိုကျွန်တော်အခု video callခေါ်ချင်တယ် ရလား? -

msgလေးကိုဖတ်ကာ အပေါ်ပိုင်းဗလာဖြစ်နေသည့် သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်း ဂယူဗင်းအဓိပ္ပာယ်ပါပါပြုံးလိုက်မိသည်။

- ရတာပေါ့ -

သူစာပြန်ပြီးသိပ်မကြာ၊ ယူဂျင်းဘက်က video call ခေါ်လာခဲ့ပါသည်။ သို့ရာတွင် အင်္ကျီဝတ်ထားခြင်းမရှိသည့် သူ့ပုံစံကိုမြင်လိုက်ရသည်နှင့်တပြိုင်နက် ယူဂျင်းကထအော်လာလေသည်။

"" ကိုကို!!!!! ""

"" ဗျာ့ ""

"" ဘာလို့အင်္ကျီဝတ်မထားတာလဲ ""

"" မင်းကိုပြမလို့လေ
ဘယ်လိုလဲ ကိုယ့် body မိုက်ရဲ့လား ""

ဂယူဗင်း ပြောပြောဆိုဆိုနှင့် camera ကိုအောက်လျှောကာ သူ့ abs တွေကိုပြလိုက်သည်။ ထိုအခါ ယူဂျင်းက မျက်လုံးနှစ်ဖက်ကိုစုံမှိတ်ရင်း အော်ဟစ်လာလေသည်။

"" ဟာ ကိုကိုဘယ်လိုဖြစ်နေတာလဲ!!! ""

screenကနေ ကြည့်တာ‌တောင် နားရွက်ကလေးတွေရော ပါးလေးတွေပါ ရဲတွတ်နေကာ အရှက်သည်းနေလေသည့် အသည်းယားစရာ ယုန်ပေါက်လေးကို ဂယူဗင်း ပိုပိုပြီး စ,ချင်လာသည်။

I Cherish You Место, где живут истории. Откройте их для себя