အပိုင်း နှစ်ဆယ်

Ξεκινήστε από την αρχή
                                    

ဘယ်သူက လေ့ကျင့်ခန်းလုပ်ရင် ဟူဒီအထူကြီးဝတ်လို့လဲ။

ချွဲဆွန်းချော အပြေးစက်ပေါ်တက်ပြီး ပြေးဖို့လုပ်နေတုန်း တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိတော့ ကြွက်ကလေးလို ဟိုချောင်းသည်ချောင်းလုပ်နေတဲ့ ယွန်းဂျောင်ဟန်ကို တွေ့လိုက်ရတယ်။

"ဒီကို လာခဲ့"

ယွန်းဂျောင်ဟန် လိမ်လိမ်မာမာလေး လျှောက်သွားရင်း စိတ်ကတော့ အဲ့ဟူဒီအထူကြီးကို ဆွဲချွတ်‌နေချင်မိတယ်။

"ကိုယ်နဲ့အတူတူ လေ့ကျင့်ခန်းလုပ်ချင်လို့လား"

"မဟုတ်ပါဘူးနော်....မနက်စာစားဖို့ လာခေါ်တာ"

"အိုခေ....ကိုယ် ရေသွားချိုးလိုက်မယ်....ထမင်းစားခန်းထဲက စောင့်နေနော်"

"ဟုတ်....ဒါနဲ့လေ အဲ့အင်္ကျီကြီးနဲ့ အားကစားလုပ်ရတာ မပူဘူးလား"

"မပူပါဘူး....ဒါက limited edition လေ အသားက အေးအေးလေး မယုံရင် ကိုင်ကြည့်"

ယွန်းဂျောင်ဟန် စကားပြောချင်စိတ်မရှိတော့ပါ။

"မကိုင်ချင်ပါဘူး....‌ဗိုက်ဆာနေပြီ မြန်မြန်လုပ်....ကြာရင် မစောင့်ဘူး"

အော်ပြီး ပြေးထွက်သွားတဲ့ ကောင်လေးကိုကြည့်ပြီး သဘောတကျရယ်မိတယ်။ မနက်ခင်းတိုင်းက အမြဲဒီလိုပဲဆိုရင် သူအသက်ရှည်တော့မှာပဲ။

ထမင်းစားခန်းထဲရောက်တော့....

"ဘယ်ရီ့ပစ္စည်းတွေ ကိုယ်သွားယူခိုင်းထားပြီးပြီ....ကျန်သေးလား စစ်ကြည့်လိုက်....ပြီးတော့ ကျောင်းသွားဖို့ ကားတစ်စီးထားခဲ့မယ်"

"‌ဪ....ဟုတ်သား...ဘယ်ရီကားမောင်းတတ်တာပဲ...ဒါဆို ကြိုက်တဲ့ကားတစ်စီးယူသွားလိုက်နော်..."

"ပြီးတော့ ဒါ မုန့်ဖိုး..."

ကမ်းပေးလာတဲ့ ကတ်ကို လှမ်းယူရင်း အူကြောင်ကြောင်လေးဖြစ်နေမိတယ်။ အခုသူက လက်ထပ်မယ့်သတို့သားလောင်းမဟုတ်ဘဲ အဖေတစ်ယောက် ရလိုက်တာလား။

"မွေးနေ့လက်ဆောင်ဆိုပြီး ပေးထားတဲ့ ကတ်ရှိတယ်လေ"

"‌အဲ့ဒါတော့ အဲ့ဒါပေါ့ ထပ်ပေးချင်လို့....ဒီထဲမှာတော့ အများကြီးမရှိပါဘူး...မုန့်ဖိုးပဲ ထည့်ပေးထားတာ..."

ပြန်လည်ရှင်သန်ပြီးနောက် အိုမီဂါလေးပြောင်းလဲသွားပြီ (Completed)Όπου ζουν οι ιστορίες. Ανακάλυψε τώρα