ဆောင်းနှင်းဓါးထက်ချယ်ရီဝေ

Start from the beginning
                                    

လင်းရုဖေး "ခင်‌ဗျား လွန်ခဲ့တဲ့နှစ်တစ်ရာကဒီကိုရောက်ဖူးတယ်လား"

ကုရွမ်းတုကခေါင်းညိတ်ပြလေသည်။

လင်းရုဖေးကဆက်ပြီးတော့"အရင်တုန်းကနဲ့ အခု ကူစူးမြို့ကဘာတွေကွာသွားလို့လဲ"

ကုရွမ်းတုပြန်ဖြေသည်။ "အဲ့အချိန်တုန်းက လူလောကနဲ့နတ်ဆိုးလောကရဲ့အတိုက်အခိုက်ရပ်စဲရေးကာလမှာပဲရှိသေးတယ် ကူစူးမြို့ကရှုပ်ထွေးနေ‌တော့သေရည်ရောင်းတဲ့ဆိုင်သေးလေးတစ်ခုတောင်မရှိဘူးလေ ကိုယ်က သေရည်သောက်ရတာကြိုက်တယ်လေ အဲ့ဒါကြောင့်ကိုယ့်သူငယ်ချင်းတစ်ယောက်ကို ကိုယ့်အတွက်အိုးနည်းနည်း‌လောက် သေရည်ချက်ပေးဖို့ပြောလိုက်တယ် သေရည်ကအချဉ်တောင်ကောင်းကောင်းမဖောက်သေးတာမို့လို့ သေရည်အနံနည်းနည်းလေးပဲထွက်သေးတာကို ကိုယ်ကတိတ်တိတ်လေးတူးပြီးအကုန်လုံးသောက်ပစ်လိုက်တယ်လေ" ထိုအချိန်တွင် သူ့မျက်လုံးထောင့်တွေနှင့်မျက်ခုံးတွေတွင်နူးညံတဲ့အပြုံးလေးတစ်ခုရှိနေသည်။

လင်းရုဖေး "အဲ့သူငယ်ချင်းဟောင်းက သိသွားတော့စိတ်မဆိုးဘူးလား"

"နောက်တော့ စစ်မြေပြင်နေရာပြောင်းသွားလို့ ကိုယ်တို့အဲ့နေရာကနေထွက်ခွာရတော့ သူမေ့သွားတယ်လေ"

ကုရွမ်းတုက လင်းရုဖေးကိုကြည့်လိုက်ပြီးတိုးတိုးလေးပြောလာသည်။

"ဒါပေမဲ့ သူသိသွားရင်တောင် ကိုယ့်ကိုစိတ်မဆိုးလောက်ပါဘူးနော်...ဟုတ်တယ်မလား"

လင်းရုဖေးကတီးတိုးလေးရေရွတ်လိုက်မိသည်။

"အဲ့ဒီလိုလား ဒါဆိုသူကခင်ဗျားအပေါ်တော်တော်လေးကောင်းပေးပုံရတယ်"

"ဟုတ်တယ် ကိုယ့်အပေါ်အရမ်းကောင်းတယ်"

ကုရွမ်းတုအသံတိုးတိုးဖြင့်ပြန်ဖြေလိုက်သည်။

"ကိုယ့်ကို သူပဲပြုစုပျိုးထောင်ပေးခဲ့ပြီးတော့ အကောင်းဆုံးဆိုတဲ့အရာတွေပဲ ပေးထားခဲ့တယ်လေ"

လင်းရုဖေးက အခုသူရဲ့သူငယ်ချင်းဟောင်းဘယ်ရောက်သွားပြီလဲဟု မေးချင်ပေမဲ့ ဤသည်ကလွန်ခဲ့သည့် အနှစ်တစ်ရာခန့်ကအဖြစ်အပျက်ဖြစ်နေသဖြင့် မေးရတာ၀မ်းနည်စရာကောင်းလိမ့်မယ်ဟုတွေးမိတာကြောင့် တိုးတိုးလေးသာရေရွတ်လိုက်မိ၏။

ဆောင်းနှင်းဓါးထက်ချယ်ရီဝေOn viuen les histories. Descobreix ara