Arc 1.2 Xin Ye

348 55 1
                                    

လှေကားမှ ဆင်းလာသောအခါ ရွှေရောင်မျက်လုံးနှင့် မဲနက်တောင်ပြောင်နေသောဆံပင်များရှိသည့်လူတစ်ယောက်သည် သူ့ထံသို့ ဖြည်းညှင်းစွာ လျှောက်လာနေသည့်လူငယ်လေးကို ကြည့်နေခဲ့သည်။

သူ့မျက်လုံးထဲ အလင်းတန်းတစ်ခုဖြတ်
ပြေးသွားပြီးနောက် ဘာမှမဖြစ်ခဲ့သလို ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

လှေကားက ဆင်းလာတဲ့ ရှင်းရီသည် သူ့ကိုစိုက်ကြည့်နေသည်ကိုသတိထားမိပြီး ထိုအကြည့်လားရာဘက်သို့ ပြန်ကြည့်လိုက်တယ်။

မက်မွန်သီးရောင်မျက်ဝန်းများသည် ရွှေရောင်မျက်ဝန်းများနှင့် ထိတွေ့သွားကာ မီးပွားများ လင်းလက်သွားသော်လည်း ရှင်းရီက သူ့အကြည့်ကိုရှောင်ဖယ်လိုက်သဖြင့် သူတို့နှစ်ယောက်ကြား တောက်ပနေသောမီးပွားများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ရှင်းရီသည် ထိုယောက်ျားကိုမြင်သောအခါတွင် သူ့ပါးပြင်များ ပူနွေးလာသလို ခံစားလိုက်ရသည်။ အစက ထိုသူ့ကို မိန်းမတစ်ယောက်ဟုထင်ထားခဲ့သော်လည်း သူဝတ်ဆင်ထားသည့်ခန့်ညားသည့်အနောက်တိုင်းဝတ်စုံနှင့် ပြန့်ကားနေသော ရင်ဘတ်ကိုကြည့်ကာ ရှင်းရီသည် ထိုလူက အမှန်တကယ်ကို ယောက်ျားတစ်ယောက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုလူ၏အသွင်အပြင်ကို ပြန်သတိရသောအခါ ရှင်းရီသည် မှန်ထဲမှ ဝက်တစ်ကောင်လိုဝနေတဲ့ခန္ဓာကိုယ်ကို ပြန်သတိရသွားပြီး သူ့ကိုယ်သူ မိုက်မဲသည့်လူတစ်ယောက်ဟု မကျိန်ဆဲပဲမနေနိုင်တော့ပေ။

သူ့နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင်ထွက်ကျနေသလို ခံစားလိုက်ရသည်။

"ဦးလေး၊ မင်္ဂလာနံနက်ခင်းပါ"

ရှင်းရီ ပြုံးလိုက်ပြီး ထိုလူဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။ လှပသော နတ်ဘုရားမလေး...အာ မဟုတ်သေးဘူး။နတ်ဘုရားကို သူနှင့် နှိုင်းယှဥ်ကြည့်ရင်း သူ့နှလုံးသားသည် သွေးထွက်သံယို ဖြစ်နေဆဲပင်။

"မင်္ဂလာနံနက်ခင်းပါ ရှင်းရီ" ထိုလူ၏အသံက အေးစက်နေသော်လည်း သူ့ရှေ့မှာထိုင်နေသောကောင်လေးကိုကြည့်သောအကြည့်တို့ကမူ နွေးထွေးနေခဲ့သည်။

မင်း ဇာတ်ညွှန်း မှားနေပြီကွ ( System) BlWhere stories live. Discover now