Prologue

901 75 5
                                    


အဖြူရောင်အာကာသဟင်းလင်းပြင်ထဲတွင် ဆံပင်အနက်ရောင် နှင့် မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးရှိသော အမျိုးသားတစ်ဦးသည် အာကာသထဲကို စိုက်ကြည့်ရင်း သူ့ရဲ့မှုန်ဝါးဝါးမှတ်ဉာဏ် သို့တည်းမဟုတ် ဗလာဖြစ်နေသောမှတ်ဉာဏ်များကို ပြန်မှတ်မိရန် ကြိုးစားနေသည်။

ဒါပေမယ့် သူဘယ်လောက်ပဲ တွေးနေပါစေ ဘာတစ်ခုမှ သူ မမှတ်မိချေ။

သူမှတ်မိတာဆိုလို့ သူ့နာမည်က 'ရှုရင်' ဆိုတာပဲ။

ဒီနေရာကို သူရောက်နေခဲ့တာ နှစ်ရာချီကျော်လောက်ပြီ။အဖြူရောင်အာကာသဟင်းလင်းပြင်ကျယ်ကြီးမှာ တစ်ဘဝစာကုန်လုနီးပါးလမ်းလျှောက်နေခဲ့ပေမဲ့လို့ ဒီအဖြူရောင်အာကာသဟင်းလင်းပြင်ထဲကနေ မထွက်ခွာနိုင်ခဲ့သေးပါဘူး။

လမ်းလျှောက်ရပါများလွန်းလို့ သူ့ခြေထောက်တွေတောင် နာကျင်ကိုင်ခဲလာသည်။သူထိုင်ချလိုက်ပြီး သူ့ခြေထောက်တွေကို ခဏအနားပေးလိုက်သည်။အနားယူနေစဉ် အချိန်ရှိခိုက်လုံ့လစိုက်ကာ သူ့မှတ်ဉာဏ်တွေကိုပြန်ရဖို့ အသည်းအသန်ကြိုးစားတွေးနေခဲ့ပေမဲ့ သူ့ဦးနှောက်က ဘာကိုမှ ပြန်မှတ်မိနိုင်စွမ်းမရှိပေ။

[Host]

ထိုစဉ် ချစ်စဖွယ် အသံသေးသေးလေးတစ်သံက ရှုရင် အား ခေါ်လာလေသည်။သူ လှမ်းကြည့်လိုက်တဲ့အခါ လေထဲတွင် ခရမ်းရောင် အလင်းတန်းတစ်ခု ပျံဝဲလာနေသည်ကို တွေ့လိုက်ရသည်။

ခရမ်းရောင်အလင်းဘောလုံး‌လေးက အဖြူရောင် ကင်းဗတ်စ်ပေါ်မှာထင်ကျန်နေတဲ့ မှင်ရောင်တစ်ခုလိုဖြစ်နေပြီး ၎င်းရဲ့အလင်းရောင်က အဖြူရောင်အာကယသဟင်းလင်းပြင်နေရာကို အရောင်ပြောင်းသွားစေသည်။

"မင်းက ဘယ်သူလဲ?"
ရှုရင် ခရမ်းရောင်အလင်းဘောလုံးလေးကိုကြည့်ရင်း စပ်စပ်စုစုမေးလိုက်သည်။

[ Host ... ကျွန်တော်က system ပါ။ဒီနေ့ကစပြီးတော့ ခင်ဗျားက ကျွန်တော့်ရဲ့ host ဖြစ်လာလိမ့်မယ် ]

လေဟာနယ်ထဲမှာ ပျော်ရွှင်စွာ ပျံဝဲနေတဲ့ ခရမ်းရောင် အလင်းတန်းလေးဟာ တောက်ပလွန်းနေခဲ့တယ်။

မင်း ဇာတ်ညွှန်း မှားနေပြီကွ ( System) BlWhere stories live. Discover now