2: A Whiskey Away

328 26 2
                                    

2

ငွေသော်တာ့ အတွက်တော့ ကျောင်းမှတွေ့ဆုံပွဲကို သွားလိုက်ရခြင်းက ဘဝ၏ အလှည့်အပြောင်းဖြစ်လာ လိမ့်မည်ဟု နည်းနည်းမှမထင်ခဲ့မိပါ။ ထိုနေ့မှ အကြောင်းအရာများကိုပင် ငွေသော်တာ ပြန်ရောက်သည် နှင့် ခေါင်းထဲကထုတ်လိုက်ပြီး နောက်တစ်နေ့ သင်ကြားရမည့် သင်ခန်းစာကိုသာ ပြင်ဆင်ဖြစ်ခဲ့၏။ ခန့်ညားနှင့် ခန့်ညား၏ သူငယ်ချင်း လူထူးဆန်း အစ်ကိုကြီးကိုလည်း သတိမရတော့။ ထိုပွဲကိုသွားဖြစ်ခြင်း အတွက် မည်သို့မျှ မခံစားလိုက်ရဘဲ ရှိနေခဲ့သည်။ ဆယ်ကျော်သက်အရွယ်ကကဲ့သို့ မဟုတ်တော့ဘဲ ခံစားချက်ကို ဦးစားမပေးနိုင်တော့ပါ။ ငွေသော်တာ့မှာ အလုပ်တွေပုံနေသည်။ ကျောင်းသင်ခန်းစာပြင်ပြီး လျှင် အွန်လိုင်းပေါ်တွင်တင်ရမည့် ဝတ္ထုကို ချရေးဖြစ်သေးသည်။

ခန့်ညားနှင့် ပြန်တွေ့ရသည်ကတော့ ဝတ္ထုရေးရာတွင် အနည်းငယ် အထောက်အကူဖြစ်စေပါသည်။ သို့သော် ကိုယ့်ဘဝနှင့်ကိုယ်ပဲမဟုတ်လား။ ခန့်ညားသည်လည်း ငွေသော်တာ့အတွက်တော့ အရေးတကြီး ပုံရိပ်မဟုတ်တော့ပါပေ။

ထို့ကြောင့်လည်း ငွေသော်တာသည် ကိုနေရောင်မင်းမြတ်နှင့် ထပ်မံတွေ့ဆုံသောအခါ ဒေါသသင့်ခဲ့ရပြန် သည်။ မေ့ထားပြီဆိုသော်လည်း ပြန်တွေ့ချိန်တွင်တော့ ထူးဆန်းစွာပင် စိတ်ဝင်စားလာခဲ့သည်။ ထို အစ်ကိုကြီးဟာ အမြဲတမ်း စိတ်ဆိုးနေတတ်တာပါပဲလား..။

==============================================================================

ဝန်ကြီးများရုံး၏ မှိုင်းညို့သော အနီရောင် အဆောက်အဦးများကို နေရောင်မင်းမြတ် မော့ကြည့်နေမိ၏။ သမိုင်းတန်ဖိုးမြင့်မားလှသော ဤနေရာသည် ရောက်လာသူအပေါင်းကို ဆွဲဆောင်ပြီး နစ်ဝင်သွားစေ သည်။ ဤနေရာသို့ ယခင်ကတော့ အာဇာနည်နေ့များတွင် ရောက်လာခဲ့ဖူးသည်။ ခေတ်ကာလကောင်း စဉ်ကတော့ ဤနေရာသည်ပင် ဝဿန်ရုပ်ရှင်ပွဲတော်ကဲ့သို့ မှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတိုများ ပြသ ရာ အထင်ကရနေရာဖြစ်ခဲ့သည်။ ဝန်ကြီးများရုံးထဲတွင် ပြသသော မှတ်တမ်းရုပ်ရှင်များကြောင့် နေရောင် မင်းမြတ်၏ Documentary Director အိပ်မက် ဖြစ်တည်လာခဲ့သည်ဆိုလျှင်လည်း မမှား။ ယခုတော့... ထိုရုပ်ရှင်ပွဲတော်များလည်း ရပ်နားခဲ့ပြီ။ နေရောင်မင်းမြတ်၏ အိပ်မက်တို့လည်း လွင့်ပြယ်ခဲ့ရပြီ။ တချိန် ကတော့ ဤခမ်းနားသော အဆောက်အဦးကြီးထဲ ကိုယ့်လက်ရာ ရုပ်ရှင်မှတ်တမ်းတို တစ်ခု ပြသနိုင်ဖို့ စိတ်ကူးယဉ်ဖူးသည်။ ယခုအချိန်တွင်တော့ နေရောင်မင်းမြတ် ထိုအိပ်မက်နှင့်မဆိုင်သော အလုပ်ကိုသာ ခေါင်းနှစ်ဖြစ်ခဲ့သည်မဟုတ်လား။

You've reached the end of published parts.

⏰ Last updated: Dec 24, 2023 ⏰

Add this story to your Library to get notified about new parts!

Deadly NightshadeWhere stories live. Discover now