Prologue

1.2K 67 17
                                    

He used to call me DN. That stood for Deadly Nightshade

Cause I was filled with poison but blessed with beauty and rage.

 

-       Ultraviolence by Lana Del Rey

 

ရုပ်ရှင်ပိတ်ကားငယ်ထက်ကို အားလုံးရဲ့အာရုံရောက်ရှိနေခိုက်မှာ နေရောင်မင်းမြတ် တစ်ယောက် ထိုင်ခုံ များထံသို့ တစ်ချက် မျက်စိကစားကြည့်လိုက်သည်။ ရုပ်ရှင်ကလပ်အသင်းသားအားလုံးက ဇာတ်သိမ်းကို အာရုံစိုက်နေကြပြီး မျက်တောင်များပင်မလှုပ်ရှားဟု ထင်ရ၏။ သို့သော်.. အမှောင်ရိပ်ထဲမှ ရုပ်ရှင်ကားမှ ထွက်လာသော အလင်းမှိန်မှိန်အောက်တွင်တော့ မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းတိုးတိုက်မိကြသည်။ နေရောင်မင်းမြတ် စိုက်ကြည့်လိုက်တော့ ခပ်ငေးငေးမျက်ဝန်းများက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလွှဲ သွား၏။ ဤသည်မှာ ဘယ်နှကြိမ်မြောက်မှန်းပင် မရေတွက်နိုင်တော့။ သေချာသည်က အကြည့်လွှဲရမည့် သူသည် နေရောင်မင်းမြတ် မဟုတ်ဘဲ တစ်ဖက်လူပင်ဖြစ်ရပါမည်။

ထိုအကြည့်လွှဲသွားသည်ဟု သေချာမှ ကျောခိုင်းလိုက်ပြီး ရုပ်ရှင်ကိုပြန်အာရုံစိုက်လိုက်၏။ နေရောင်မင်းမြတ် စိတ်ထဲ ကျေနပ်စိတ်ဖြင့် နှုတ်ခမ်းထောင့်တို့ ခပ်ရေးရေးလှုပ်ရှားသွားခဲ့သည်ကိုတော့ မည်သူမျှ မမြင်နိုင်ခဲ့ပါ။

==============================================================================

"သူ့ကိုယ်သူ နေနဲ့လ ဆိုပြီး လိုက်ဖက်မယ်ထင်နေတာနေမှာပေါ့"

နေရောင်မင်းမြတ်တို့ အဖွဲ့ထိုင်နေရာ စားပွဲသို့ မကျေမနပ်ရောက်ရှိလာသော နဒီက ခပ်ရွဲ့ရွဲ့ပြောလာ၏။ နဒီ့စကားကြောင့် နေရောင်အပါအဝင် အဖွဲ့ထဲမှ သူငယ်ချင်းများ စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ အထူးသဖြင့် နေရောင့်သူငယ်ချင်း ခန့်ညား က ခေါင်းခါရင်း နဒီ့စကားကို တုံ့ပြန်၏။

"အဲဒီလိုတော့ မဟုတ်ဘူးလေ နဒီ။ မိန်းကလေးအချင်းချင်း အဲဒီလိုပြောတာမကောင်းဘူး။ ပြီးတော့ သော်တာက အေးပါတယ်"

"တွေ့လား ခန့်ညားကပါ သူ့ဘက်ကပါနေပြီ။ နေရောင် ပါသွားရင်တော့ နဒီ တကယ်စိတ်ဆိုးမှာ"

Deadly NightshadeWhere stories live. Discover now